Country : India
Duration : 2h 36min
အညွှန်း
ယခုနှစ်မှထွက်ရှိထားတဲ့အိန္ဒိယတောင်ပိုင်းကားတစ်ကားဖြစ်ပါတယ်။
ဇာတ်အိမ်တည်ထားပုံကတော့အထူးတလည် နက်နဲတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။
ကိုယ့်ဘဝကိုယ်စီလျှောက်လှမ်းနေကြတဲ့လူငယ်လေးယောက်ဟာ
တစ်နေ့မှာတော့ဆိုးဝါးလှတဲ့မတော်တဆမှုတစ်ခုမှာ ပါဝင်ပတ်သက်မိကြပါတယ်။
သာမန်ဇာတ်ကားတွေနဲ့မတူတာကတော့ ဒီဇာတ်ကားဟာ အဓိကဇာတ်ကောင်ရယ်လို့
တိတိကျကျမပါဘဲ ဇာတ်ကောင် လေးယောက်လုံးကို ကြည့်နေရင်းမှာတင်
ဒီဇာတ်ကောင်တွေရဲ့ဘဝထဲကို ကိုယ်တိုင်စီးမျောသွားစေနိုင်လောက်အောင်
ဇာတ်ကောင်တစ်ခုချင်းကိုအသားပေးပုံဖော်ပြထားလို့ပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းကိုကြည့်လိုက်မယ်ဆိုရင် လူတိုင်းဟာ အမှားတွေလုပ်တတ်ပြီးတော့
ဘဝကြီးကလည်းအမြဲတမ်းအဲဒီအမှားတွေကိုပြန်ပြင်ဖို့အခွင့်အရေးပေးလေ့ရှိတယ်ဆိုတာကို
ယုံကြည်ပြီးတော့ ကိုယ့်ဘက်ကပြင်ဆင်ချင်တဲ့စိတ်ပဲရှိဖို့လိုတယ်ဆိုတာကိုနားလည်လာစေမှာပါ။
ဒီဇာတ်ကောင်လေးယောက်ကရော သူတို့အမှားတွေကို ပြန်မြင်နိုင်ပါ့မလား။
ပြင်ဆင်ဖို့ရောသူတို့မှာအခြေအနေတွေပေးလာပါ့မလား။ အသိတရားဝင်တဲ့အချိန်မှာ ပြင်ဆင်ဖို့မှီပါဦးမလား။
လမ်းပေါ်ကအက်ဆီးဒန့်တစ်ခုကနေစတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ နှစ်နာရီကျော်ကုန်သွားမှန်းမသိအောင်ကို
ပရိသတ်တွေအတွက်ဖျော်ဖြေမှုရသကောင်းတွေပေးသွားမှာဖြစ်လို့
တောင်ပိုင်းဒရာမာကားကောင်းတွေ ကို ကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တယ်လို့ပဲ ညွှန်းလိုက်ပါရစေ။
0 comments:
Post a Comment