Country : Korea
Duration : 2h 3min
အညွှန်း
Director Sung-Hyun ရေးသားရိုက်ကူးထားပြီးတော့ Sol Kyung-gu ၊ Lee Sun-kyun နဲ့ Yoo Jae-myungတို့ ပါဝင်သရုပ်ထားတဲ့ တောင်ကိုရီးယား နိုင်ငံရေး၊ ဒရမ်မာဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို အကောင်းဆုံး မဲဆွယ်စည်းရုံးရေး ဗျူဟာတွေနဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ကမ္ဘာကြီးဖြစ်အောင် ပြောင်းလဲပစ်ဖို့ သရုပ်ဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် အာဏာရှင်စနစ်ကို ဒီမိုကရေစီနဲ့အစားထိုးဖို့ကြိုးပမ်းနေတဲ့ လူအုပ်စုကိုနောက်ခံထားပြီး ၁၉၆ဝနဲ့ ၁၉ရဝခုနှစ်တွေမှာ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဂင်ဝွန်းဘမ်းဟာ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီးတော့ မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်ပေမယ့်လည်း သူ့ရဲ့ကိုယ်ကျင့်တရားဆိုင်ရာ ဆုံးဖြတ်ချက်တွေကြောင့် အမြဲလိုလို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မြောက်ကိုရီးယား နိုင်ငံသား ဆောချန်ဒယ်ပေါ်လာပြီးတော့ ဂင်ဝွန်းဘမ်းရှေ့ကနေပြီး အကူအညီပေးခဲ့ပါတယ်။ သူ့ရဲ့နည်းဗျူဟာတွေနဲ့ ဂင်ဝွန်းဘမ်းဟာ ကွန်ဂရက်လွှတ်တော်အမတ် ဖြစ်လာပြီးတော့ သမ္မတလောက်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူတို့ ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားတန်ဖိုး ထိပ်တိုက်တွေ့ချိန်မှာတော့ သူတို့ကြားက ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ….. ဆက်လက်ကြည့်ရှူလိုက်ကြပါစို့
0 comments:
Post a Comment