Country : China
Duration : 1h 53min
အညွှန်း
ဒုတိယအပိုင်းမှာတော့ ခြေငြိမ်ဖို့ဟန်ပြင်ခဲ့တဲ့ ကျန်းရှန်ရန်တစ်ယောက် ယန်ယန်ရန်ဆိုတဲ့
မမကြီးနဲ့ချစ်သွားကြပါပြီ။ ဒါပေမဲ့ “အချစ်ဦးကို သေခါမှမေ့”ဆိုတဲ့အတိုင်း အတိတ်က
ချန်ကျီရှင်းကိုသတိရတိုင်း အတူတူနေခဲ့တဲ့အိမ်လေးဆီသွားပြီး လွမ်းနေတုန်းပါပဲ။
ကမ္ဘာကြီးကဘယ်လောက်တောင်ကျဉ်းလဲဆိုတော့ ချန်ကျီရှင်းရဲ့အလုပ်ရှင်သစ်က
ယန်ယန်ရန်ဖြစ်နေပြီး သူ့အစ်ကိုပေါလ်ကလည်း ယန်ယန်ရန်ကိုတစ်ဖက်သတ်သဘော
ကျနေသူပါ၊
အချစ်တွေများလွန်းတဲ့ ကျန်းရှန်ရန်တစ်ယောက် အချစ်ဦးချန်ကျီရှင်းနဲ့ပြန်တွေ့ရပြီး
လက်ထပ်မယ်လို့ရည်ရွယ်ထားတဲ့ ယန်ယန်ရန်ကိုလည်း တစ်ခြားသူကလာကြိုက်နေတော့
ဘယ်သူ့ကိုရွေးမှာလဲ? ဘယ်သူ့ကိုချစ်ရမလဲ? အချစ်စစ်ဆိုတာရော တကယ်ရောရှိရဲ့လား?
စတဲ့မေးခွန်းတွေအတွက်အဖြေကို အလွဲလေးတွေ၊ ဟာသလေးတွေ၊ ရိုမန့်စ်လေးတွေနဲ့
ရိုက်ပြထားတာမို့ ဒီကားလေးလည်း ဆက်လက်ကြည့်ရှုလိုက်ပါဦး။
0 comments:
Post a Comment