Country : United State
Duration : 1h 45min
အညွှန်း
မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိတဲ့။ အဲဒီစကားကို ကျွန်တော်နားလည်တာကတော့ မကောင်းမှုဆိုတာ သူများတွေမသိအောင် ဖုံးကွယ်ထားလို့မရဘူးလို့ မဟုတ်ပါဘူး။ မကောင်းမှုကျူးလွန်ထားသူတစ်ယောက်ရဲ့ စိတ်ထဲမှာ သူလုပ်ခဲ့တဲ့ မကောင်းမှုရဲ့ ပဲ့တင်သံတွေကို ဆိတ်ဆိတ်နေအောင် တားလို့မရ မကောင်းတဲ့ မြင်ကွင်းတွေကို ဆက်ပြီးမမြင်နိုင်အောင် ကွယ်ထားလို့မရဘူးလို့ ပြောတာလို့ထင်ပါတယ်။ The Square (2008) ဇာတ်ကားလေးမှာ မကောင်းမှုတစ်ခုကို ကျူးလွန်မိတဲ့ Ray အဲဒီမကောင်းမှုက ခြောက်လှန့်တာကို ခံနေရပါတယ်။ သူကျူးလွန်မိတဲ့အပြစ်တွေကို ဖုံးဖိဖို့ကြိုးစားရင်း မကောင်းတာတွေပဲထပ်ဖြစ်လာပြီး မကောင်းတာတွေပဲထပ်လုပ်မိပြန်ပါတယ်။ အဲဒီလို လုပ်နေရင်း သူ့အတွက် တန်ဖိုးထားရတဲ့အရာတွေ တစ်ခုပြီးတစ်ခု ဆုံးရှုံးလာရပါတယ်။ သူ့အပြစ်ကို လူတွေမသိအောင် ဖုံးဖိနိုင်ပါမလား။ သူ့လုပ်ရပ်တွေက အဲဒီလိုလုပ်ရလောက်အောင်တန်လို့လား ဇာတ်ကားကိုကြည့်ပြီး ဆုံးဖြတ်ကြည့်လိုက်ကြပါတော့။ IMDB 6.7 ထိရရှိထားပြီးတော့ ဇာတ်လမ်း အစပိုင်းနည်းနည်းကျော်တာနဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစားကြည့်ဖြစ်သွားမှာ သေချာပါတယ်။
0 comments:
Post a Comment