Country : India
Duration : 2h 30min
အညွှန်း
ခရစ်ရှနာဟာကလေးဘဝတုန်းကမကျူးလွန်ခဲ့တဲ့လူသတ်မှုအတွက်
ရဲတွေချောက်ချတာခံလိုက်ရပြီးလူငယ်ထိန်းသိမ်းရေးမှာကြီးပြင်းခဲ့ရသူပါ
ခရစ်ရှနာရဲ့အခြေအနေကိုသိတဲ့ထောင်စောင့်ကြီးဟာခရစ်ရှနာကိုစောင့်ရှောက်ပေးပြီးတော့
သူ့လိုမျိုးတခြားကလေးတွေမဖြစ်အောင်ရဲအရာရှိလုပ်ဖို့တိုက်တွန်းခဲ့ပါတယ်
နှစ်တွေကြာတဲ့အခါမှာတော့ခရစ်ရှနာတစ်ယောက်ရဲအရာရှိတစ်ယောက်ဖြစ်လာပါတော့တယ်
ခရစ်ရှနာဟာသူ့ရဲ့ရည်မှန်းချက်အတွက်အိုင်ပီအက်စ်စာမေးပွဲဖြေဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲ
ပြဿနာကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်
ခရစ်ရှနာတစ်ယောက်လူဆိုးဖမ်းရင်းသေနတ်ပျောက်သွားခဲ့တာပါရဲအရာရှိတစ်ယောက်အတွက်သေနတ်ပျောက်တယ်ဆိုတာကိစ္စကြီးဖြစ်ပြီးခရစ်ရှနာရဲ့
ရည်မှန်းချက်တွေလည်းပြိုလဲရတော့မလိုဖြစ်လာပါတယ် ဒါတင်မကသေးဘဲခရစ်ရှနာရဲ့
သေနတ်ကိုသုံးပြီး ဓားပြမှု လူသတ်မှုတွေပါဖြစ်လာတဲ့အခါမှာတော့ ခရစ်ရှနာတစ်ယောက်
ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲ လူသတ်မှုရဲ့အဓိကတရားခံကရောဘယ်သူလဲ
ဘာအကြောင်းပြချက်ကြောင့်ဒီလိုပြစ်မှုတွေကျူးလွန်နေရလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာ
ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
0 comments:
Post a Comment