Red Rocket (2021)


 

Rating : 7.5/10
Country : United State
Genre : Drama, Comedy
Released Date : 2021
Duration : 2h 10min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီရုပ်ရှင်ကို A24က ရိုက်ကူးဖြန့်ချီခဲ့ပြီး 2021 July လ Cannes ရုပ်ရှင်ပွဲ​တော်မှာ စတင်ပြသခဲ့ပြီး

ယူအက်စ် ပြည်တွင်း သီးသန့်ရုံ​တွေမှာပဲ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်

Cannes, Deauvilleလို ရုပ်ရှင်ဆု​ပေးပွဲ​တွေမှာ ဆု​ပေါင်း များစွာရရှိထားပြီးဖြစ်သလို

Palme d’Orလို ဆု​​ပေးပွဲကြီး​ ​တွေမှာလည်း ဒါရိုက်တာဆု၊ဇာတ်လမ်းဆုနဲ့ ဇာတ်​ဆောင်ဆု

စသဖြင့် Nominationsများစွာ ရရှိထားပါတယ်၊

ဒါ့အပြင် National Board of Reviewရဲ့ တစ်နှစ်တာအ​ကောင်းဆုံး

ဇာတ်ကား ၁၀ကားစာရင်းမှာလည်း ပါဝင်​ထားပါတယ်၊– IMDb အ​နေနဲ့ 7.6

– Rotten Tomatoes – 86%ရထားပြီး

​ရုပ်ရှင်​ဝေဖန်​​ရေးသမား​တွေလက်စွဲ Metacriticမှာ 75% အထိ rating အမြင့်စားကို ရရှိထားပါတယ်၊ဇာတ်လမ်းအ​ကြောင်း​ ​ပြောရမယ်ဆိုရင် ဒီဇာတ်ကားက လူတိုင်းအတွက် မဟုတ်ပါဘူး၊

Hollywoodရဲ့ porn industryမှာ ဒိတ်ဒိတ်ကြဲ​အောင်မြင်ခဲ့ဖူးသူ၊

လက်ရှိမှာ ဘဝပျက်ပြီးရုန်းကန်​နေရတဲ့ Adult film starအ​ကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်၊

ဒါ​ကြောင့် မိသားစုနဲ့အတူကြည့်ဖို့ မသင့်​တော်တဲ့အခန်း​တွေ ပါဝင်သလို

တချို့​သောစကား​ပြော​ခန်း​တွေကလည်း ကြမ်းပါတယ်၊Mikey David aka Mikey Saberဟာ တချိန်က​​တော့Hollywood adult film​လောကမှာ

ဇာတ်ကား​ပေါင်း ၂၀၀၀​ကျော်၊ အမြင့်ဆုံးဆု ၆ဆုပိုင်ရှင် Hall of Fame Nomination ၁၃ကြိမ်ဝင်ခဲ့ဖူးသူဖြစ်ခဲ့​ပေမဲ့

လက်ရှိမှာ​တော့ studio​တွေနဲ့ အဆင်မ​ပြေ​တော့တာတ​ကြောင်း၊ အသက်ရလာတာတ​ကြောင်း​ကြောင့်

သူ့ဇနီး​ဟောင်း porn model​ဟောင်း Lexiဆီပြန်လာရင်း ဘဝသစ်စဖို့ ကြိုးစားခဲ့ပါတယ်၊

ဒါ​ပေမဲ့ အပြာကားနဲ့ အပြာကားသရုပ်​ဆောင်​တွေဆိုတာက ကိုယ်တိုင်သာ ခိုးကြည့်ရင်ကြည့်မယ်၊

တကယ်လက်​တွေ့မှာ ကြုံရဆုံရရင်​တော့ အသက်​​မွေးဝမ်း​ကြောင်းတစ်ခုလိုမြင်ဖို့ရာ ခက်တဲ့အလုပ်ဆို​တော့

Mikey​လျှောက်သမျှ ဘယ်အလုပ်မှ သူ့ကိုမ​ရွေးချယ်ခဲ့ပါဘူး၊

သမ္မာအာဇီဝနဲ့ ကြိုးစားလို့မရ​တော့တဲ့အဆုံး အရင်ကလို weedရောင်းရင်း ​အချိန်ကုန်လာခဲ့ရာက​နေ

တစ်​​နေ့မှာ Raylee( Strawberry) ဆိုတဲ့ မြီး​ကောင်​ပေါက်အရွယ်

အသက်၁၈နှစ်ပြည့်ဖို့ ၃ပတ်အလို က​လေးမ​လေးနဲ့အ​တွေ့မှာ

Adult film industryကို က​လေးမ​​လေးနဲ့အတူ ပြန်ဝင်ဖို့ ကြိုးစားပါ​တော့တယ်၊

ဒါ​ပေမဲ့ သူရဲ့ရှုပ်​ထွေးလှတဲ့ မိသားစုပြဿနာ​တွေ၊

weed​သမား​တွေရဲ့ ပဋိပက္ခ​တွေ၊ က​လေးမအ​ပေါ် ထိမ်ချန်ထားခဲ့တဲ့ သူ့ဘဝမှန်အ​ကြောင်း​တွေက

တစ်စငင် တစ်စင်ပါ ​နောက်ကလိုက်လာတဲ့အခါမှာ ဘာ​တွေဆက်ဖြစ်သွားမလဲဆိုတာကို

Dark comedyဆန်ဆန် ခပ်ကြမ်းကြမ်းကြည့်ရှုရမယ့်

Rating ခပ်မြင့်မြင့် Drama ဇာတ်ကား​​ကောင်းပဲဖြစ်ပါတယ်

0 comments:

Post a Comment