Chimera Strain (2018)


 

Rating : 4.6/10
Country : United State
Genre : Drama, Sci Fi ,Thriller
Released Date : 2018
Duration : 1h 20min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

သိပ္ပံပညာတိုးတက်နေတဲ့ ခေတ်လွန်ပိုင်းကို စိတ်ကူးယဉ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်2018 ခုနှစ်မှာ ထွက်လာခဲ့တဲ့ Chimera Strain ဆိုတဲ့ ဇာတ်ကားလေးပါဒေါက်တာပီတာကွင့်ဆိုတဲ့ ပါရမီရှင်သိပ္ပံပညာရှင်တစ်ယောက်မှာ မွေးရာပါ ရောဂါကြောင့်သေဆုံးတော့မယ့် သားနဲ့ သမီး ရှိပါတယ် သူဟာ သားနဲ့ သမီးကို ကယ်တင်ဖို့ ကြိုးစားတဲ့အကြောင်း ရိုက်ကူးပြထားတာပါသူ့စိတ်ကူးကတော့ ကလေးတွေကို မသေနိုင်တဲ့ ဂျယ်လီငါးရဲ့ မျိုးရိုးဗီဇနဲ့ ပေါင်းစပ်ပြီးမသေနိုင်တော့တဲ့ chimera တွေ ဖြစ်လာအောင် လုပ်လိုက်ဖို့ပါသူဟာ တစ်ကိုယ်တည်း စမ်းသပ်ချက်ပေါင်းများစွာကိုလုပ်ပြီး အပြင်းအထန် ကြိုးစားနေခဲ့ပါတယ်

သူ့မိန်းမဖြစ်သူကလည်း သူ့ကလေးတွေလို ရောဂါ နဲ့ သေဆုံးသွားခဲ့ပါပြီဒါပေမဲ့ သူက မသေအောင် သိပ္ပံပညာနဲ့ ပြုလုပ်ထားခဲ့လို့ အသက်ရှူပြီး ကိုမာဝင်နေခဲ့တာပါကလေးတွေအတွက် ဖခင်တစ်ယောက်ဆိုတာထက် ဆရာဝန်တစ်ယောက်အနေနဲ့ပဲ နေပြီး သားသမီးတွေကို ကယ်တင်ဖို့ နည်းလမ်းမျိုးစုံ စမ်းသပ်နေခဲ့တာပါတစ်နေ့မှာတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ချာလီ သူ့ဆီကို ရောက်လာပြီး သူ့ကို ကူညီခဲ့ပါတယ်နောက်ဆုံးမှာ သူ့ရဲ့ စမ်းသပ်ချက်တွေ အောင်မြင်သွားလားသူ့ကလေးတွေကို မသေနိုင်တဲ့ chimera တွေ အဖြစ်ပြောင်းလိုက်နိုင်လားချာလီနဲ့ ကွင့်ရဲ့ ဇာတ်လမ်းကရောဘယ်လို အဆုံးသတ်သွားမှာလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါသိပ္ပံပညာကို ခေတ်လွန် စိတ်ကူးယဉ်ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပြီး အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်စိတ်ကူးယဉ်ဇာတ်ကားတွေကြိုက်တတ်တဲ့ သူတွေ တကယ်ကို အကြိုက်တွေ့မယ့် ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေ

0 comments:

Post a Comment