Zola (2021)


 

Rating : 6.5/10
Country : United State
Genre : Comedy, Crime, Drama, Adult
Released Date : 2020
Duration : 1h 26min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

A24 ဟာ ပြီးခဲ့လေးငါးခြောက်နှစ် နောက်ပိုင်းကနေ အခုထိ နာမည်တဟုန်ထိုး တက်လာတဲ့ အင်တာတိန်းမန့် ကုမ္ပဏီပါ။ A24က ထုတ်တာတွေမှာ Thriller Horror ဆန်ဆန်ကားတွေ နည်းနည်းထူးခြားတယ်ပြောလို့ရတဲ့ကားတွေချည်းပါပဲ။ ဒါကြောင့် သူ့ပရိတ်သတ်နဲ့ သူအခိုင်အမာရှိနေပြီး သူ့ဖန်တွေကြား A24 ရုပ်ရှင်တွေလိုမျိုး အရသာပေးနိုင်တဲ့ ရုပ်ရှင်တွေ့ရင် A24 vibe ဆိုပြီး ပြောကြတဲ့အထိကို A24 ရဲ့ လွှမ်းမိုးမှုကကြီးခဲ့ပါတယ်။ သူ့ဆီက ကားတွေဟာ အော်စကာဆုတွေရတာတွေလည်း ရှိပါတယ်။A24 ဟာ Midsommar, Hereditary, The Lighthouse, The VVitch, Uncut Gems,

Lady Bird, Moonlight စတဲ့ ရုပ်ရှင်ကောင်းတွေ အပါအ၀င် တခြားရုပ်ရှင် အကောင်းတွေချည်း ထုတ်ထားပါတယ်။ အခု Zola ဟာ A24 ကားပါ။သူ့အရသာကို ကြိုက်တဲ့သူတွေအတွက် မကောင်းမှာ ပူစရာမလိုပါဘူး။ A24 fan တွေကိုယ်တိုင် ဒီနှစ်အကြိုက်ဆုံး A24 ကားသုံးကားပြောဆို ဒီကားကို ထည့်ထည့်ပြောတတ်ကြလို့ပါပဲ။ဇိုလာ ဆိုတဲ့ကောင်မလေးကတော့ Detroit က စားပွဲထိုးကောင်မလေးတစ်ယောက်ဖြစ်ပြီး အရင်ကတော့ အဖော်အချွတ်မယ်တစ်ယောက်ပါ။ တစ်နေ့သူတို့ဆိုင်ကိုလာစားတဲ့ စတက်ဖနီဆိုတဲ့ကောင်မလေးနဲ့တွေ့မိပြီး အရင်ကအကြောင်းအရာကိုပြန်စမိသွားပါတယ်။ခင်တာ 24 နာရီမပြည့်သေးတဲ့ စတက်ဖနီက ဖလော်ရီဒါမှာ ပိုက်‌ဆံအချီကြီးရနိုင်မယ်ဆိုပြီး ကဖို့ခေါ်သွားပါတယ်။သို့ပေမဲ့ စတက်ဖနီဟာ အဖော်အချွတ်မယ်တစ်ယောက်တင်မဟုတ်ပဲ ပြည့်တန်ဆာဖြစ်နေတာရယ်၊ သူ့မိတ်ဆွေဆိုတာက ခေါင်းဖြစ်နေတာရယ် ဒါတွေကိုတော့ ဖလော်ရီဒါရောက်မှပဲ ဇိုလာသိရပါတော့တယ်။ဒီဇာတ်ကားဟာ Zola လို့လူသိများပြီး A’Ziah King ဆိုတဲ့မိန်းမတစ်ယောက်က Twitter မှာတင်ခဲ့တဲ့အကြောင်းအရာတွေကိုအခြေခံပြီးရိုက်ကူးထားတာကြောင့် Dark Comedy Crime Film ကိုမှ True Story လို့ပြောလည်းမမှားပါဘူး။~ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းများနဲ့ ပြကွက်များပါလို့ တစ်ယောက်တည်းသာ ကြည့်ရှူခံစားသင့်ပါတယ် ~

0 comments:

Post a Comment