The Silent Sea (2021)





 

Episodes : 8
Country : Korea
Released Date : 2021





အညွှန်း

မှင်စာဦးဦးနဲ့အတူ လကမ္ဘာကိုသွားဖို့စောင့်နေကြတဲ့  ပရိသတ်ကြီးအတွက်


သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်တဲ့ The Silent Sea ဆိုတဲ့


ဇာတ်ကားလေးကတော့ ထွက်ရှိလို့လာပါပြီ။ ကမ္ဘာမြေပေါ်မှ


ာ တဖြည်းဖြည်းကုန်ဆုံးသွားတော့မယ့် သဘာဝရင်းမြစ်တွေရဲ့ပြဿနာကို


အဖြေရှာဖို့အတွက် ကပ္ပတိန် Han Yoon-jae ဦးဆောင်တဲ့အဖွဲ့ဟာ


လကမ္ဘာပေါ် မှာရှိတဲ့ သုတေသနစခန်းတစ်ခုမှာ ဇီဝပစ္စည်းတစ်ခုကို သွားယူဖို့တာဝန်ပေးအပ်ခြင်းခံလိုက်ရပါတယ်။ လကမ္ဘာပေါ် စွန့်စွန့်စားစားသွားခဲ့ပြီးနောက်


သုတေသနစခန်းအဟောင်းကြီးထဲမှာ ကြောက်စရာကောင်းတဲ့


လျှို့ဝှက်ဆန်းကြယ်မှုတွေ နဲ့ ထိတ်လန့်စရာကိစ္စတွေကို တွေ့ကြုံလိုက်ရတဲ့အခါ


ဒီကိစ္စတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို အဖြေရှာဖို့ကြိုးစားကြမလား ?


သူတို့မစ်ရှင်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်သွားမလား ?


အန္တရာယ်တွေကြား သူတို့အဖွဲ့ဝင်တွေရော ဘေးကင်းနိုင်ကြမလား ?


ဆိုတာကိုတော့ ဒီကားလေးထဲမှာ ရင်တဖိုဖိုနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။


လကမ္ဘာကိုသွားမယ့် အာကာသယာဥ်မှူးတွေအဖြစ်


နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Gong Yoo ၊ Bae Doona ၊


Lee Joon ၊ Heo Sung Tae ၊ Lee Moo Saeng နဲ့ Kim Sun Young တို့


ပါဝင်သရုပ်ဆောင်ထားကြတဲ့အပြင် ဇာတ်လမ်းအပြင်အဆင်အတွက်


အသေးစိတ်ဖန်တီးထားပြီး ကမ္ဘာကျော်လက်ရာဖြစ်လာဦးမလားလို့


ထင်ကြေးပေးနေကြတဲ့ Netflix စီးရီးကောင်းလေးဖြစ်တာကြောင့်


လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။


Download Link
--------------------
Episode 01 - Telegram

Episode 02 - Telegram

Episode 03 - Telegram

Episode 04 - Telegram

Episode 05 - Telegram

Episode 06 - Telegram

Episode 07 - Telegram

Episode 08(End) - Telegram

0 comments:

Post a Comment