Plan A (2021)


 

Rating : 5.9/10
Country : United State
Genre : Drama, thriller
Released Date : 2021
Duration : 1h 46min

Downdoad Link

============

Google Drive - 

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Drama/ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟစ်တလာရဲ့ နာဇီတို့ ကြီးစိုးစဉ်အခါက ဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာကို ကြားဖူးကြမယ် ထင်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဂျူးလူမျိုးတွေကို သတ်ဖြတ်မှုအတွက် နာဇီနဲ့ဂျာမန်တွေကို ကလဲ့စားချေမယ့် Nakam အဖွဲ့နဲ့ ကလဲ့စားချေမယ့် လျှို့ဝှက်အစီအစဉ်အကြောင်း စိတ်၀င်စားစရာရိုက်ကူးထားတာပါ။ သူတို့ ကလဲ့စားချေမယ့် အစီအစဉ်ကတော့ “Plan A” …။ ၁၉၄၅ ခုနှစ်၀န်းကျင်က ဂျာမနီနိုင်ငံမှာ ဂျူးတွေကိုလိုက်လံသတ်ဖြတ်ရာကနေ လွတ်မြောက်လာတဲ့ မက်စ်ဟာ ဒုက္ခသည်အဖြစ် ပါလတ်စ်တိုင်းမှာ ခိုလှုံခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ထွက်မသွားခဲ့ဘဲ သူ့မိသားစုကိုသတ်ဖြတ်ခဲ့တဲ့ နာဇီနဲ့ ဂျာမန်တွေကို ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ Nakam အဖွဲ့ခေါင်းဆောင် အက်ဘာကော့ဗ်နာထံ ခို၀င်ခဲ့ပါတယ်။ Nakam ဆိုတာ ကလဲ့စားချေခြင်းလို့ အဓိပ္ပါယ်ရပြီး နာဇီတွေကို ကလဲ့စားချေမယ့် ဂျူးလက်ကျန်အဖွဲ့ပါ။ တစ်နေ့မှာ သူတို့ဟာ ဂျာမနီရဲ့ရေပိုက်လိုင်းထဲမှာ အဆိပ်ခတ်ဖို ကြံစည်ကြပါတော့တယ်။ Nakam အဖွဲ့နဲ့ အဖွဲ့ခေါင်းဆောင် Abba Korvner တို့ဟာ လက်တွေ့မှာ တကယ်ရှိခဲ့ဖူးသလို၊ ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် တကယ်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။ လူမျိုးလိုက် လူမဆန်စွာ ရက်ရက်စက်စက် အသတ်ခံရမှုကြောင့် နာကျည်းချက်နဲ့ ကလဲ့စားချေမယ့် သူတို့ အစီအစဉ်ဟာ အောင်မြင်မှာလား၊ ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါနော်။

0 comments:

Post a Comment