Minnal Murali (2021)


 

Rating : 8.6/10
Country : India
Genre : Action, Adventure, Comedy
Released Date : 2021
Duration : 2h 38min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Superhero movie genreမှာ Marvelနဲ့ DCပဲ လွှမ်းမိုး​နေတဲ့​နောက်

ဒီတစ်ခါ​မှာ​တော့ Netflix က အသစ်ထွက်တဲ့ India superhero movieတစ်ကားကို

အရသာတစ်မျိုး အ​ပြောင်းအလဲဖြစ်သွား​အောင် တင်ဆက်​ပေးလိုက်ပါတယ်၊Kurukhanmoola ရွာသား Jaison ဟာ

ငယ်စဉ်ကတည်းက မိတဆိုး​ဖြစ်ခဲ့ပြီး ဖခင်အ​ပေါ်အရမ်းခင်တွယ်ခဲ့ရသူပါ၊

ဒါ​ပေမဲ့ ဖခင်ဖြစ်သူ ပြဇာတ်မင်းသားဟာ မ​တော်တဆမှုတစ်ခု​ကြောင့် ​သေဆုံးသွားတဲ့​​နောက်

ကံဆိုးသူ​မောင်ရှင်​လေး Jaisonအ​နေနဲ့ အရွယ်​ရောက်တဲ့အထိ ကံဆိုးမှု​တွေက အဆုံးမသတ်ခဲ့သူပါ၊

အ​မေရိကန်သွားပြီး ချမ်းသာ​​အောင်လုပ်ချင်တဲ့ အိပ်မက်ကလည်း မ​အောင်မြင်သလို

ချစ်ရတဲ့သူကလည်း ​စေ့စပ်ထားပြီးသားသူ ဖြစ်​နေမှန်း မ​တော်လိုက်ရတဲ့ ​ယောက္ခမ​က​ပြောမှ သိရတဲ့သူပါ၊​မောင်ရှင်​​တောင် Jaison​လောက်ကံမဆိုးနိုင်ဘူးလို့ ဆိုရ​အောင်ပဲ

ဇာတ်လိုက်​ကျော်ကြီးခမျာ မိုးကြိုးပါ ထပ်အပစ်ခံရပါ​​သေးတယ်၊

ဒါ​ပေမဲ့ သန်း​ခေါင်ထက် ညမနက်​တော့သလို သူရဲ့ကံဆိုးမှု​တွေက ​​ကြေသွားပုံရပါတယ်၊

သူ့ကိုထိမှန်တဲ့မိုးကြိုးက သာမန်မဟုတ်ဘဲ ဂြိုလ်၃လုံးတန်းပြီး ဖြစ်လာတဲ့မိုးကြိုးဖြစ်​နေလို့

သာမန်လူ​တွေမှာ မရှိတဲ့ Superhuman အစွမ်း​တွေကို Jaison ပိုင်ဆိုင်ခဲ့ပါတယ်၊

ဒါ​​ပေမဲ့ မိုးကြိုးထိမှန်ခဲ့သူက သူတစ်​ယောက်တည်းမဟုတ်ဘဲ ထပ်ရှိ​နေ​သေးသလို

အဲဒီလူက ရထားတဲ့အစွမ်း​တွေကို မ​ကောင်းတဲ့ အဖျက်လုပ်ငန်း​တွေမှာ သုံးလာတဲ့အခါJaisonအ​နေနဲ့ သူ့ဖခင် ကခဲ့တဲ့ ပြဇာတ်ထဲက

Minnal Murali (Lightning Murali) ဆိုတဲ့ ဇာတ်​ကောင်အမည်ကို ခံယူပြီး

သူ့ရဲ့အစွမ်း​တွေနဲ့ ရပ်ရွာကို ကာကွယ်ဖို့ ကြိုးစားပုံ​တွေကို

အချစ်၊ အလွမ်း၊ ဟာသ၊ အက်ရှင်ရသစုံခံစားရင်း ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်၊

အ​နောက်တိုင်း Superhero​ဇာတ်ကား​တွေနဲ့ မတူတဲ့

​အ​​ရှေ့တိုင်းSuperheroအသစ်​လေးကို တမျိုးမြည်းစမ်းကြည့်ပါဦး

0 comments:

Post a Comment