Midnight Runners (2017)


 

Rating : 7.3/10
Country : Korea
Genre : Action, Comedy, Crime
Released Date : 2017
Duration : 1h 49min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ဒီတခေါက်တော့ Marvel ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တော့မယ့် တောင်ကိုရီးယားမင်းသား‌‌ေချာ Park Seo-Joonပါဝင် သရုပ်ဆောင်ခဲ့တဲ့ Midnight Runners ဆိုတဲ့ action, comedy ကားလေးကို တင်ဆက်လိုက်ပါပြီIMDB rating 7.3 နဲ့ .Rotten Tomatoes 100% ရရှိထားပါတယ်တောင်ကိုရီးယားမင်းသားချော Kang Ha-neul နဲ့အတူ ရိုက်ကူးထားပြီး 2017 ခြနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါဇာတ်လမ်းလေးကတော့ ရည်ရွယ်ချက်ရေရေရာရာမရှိဘဲနဲ့ ရဲတက္ကသိုလ်ကို ရောက်လာကြတဲ့ အူကြောင်ကြား ကောင်လေး ၂ ယောက် အကြောင်းကို ရိုက်ပြထားတာပါ

Park Seo-Joon ကတော့ အစားမက်တဲ့ကောင်လေး ဂီဂျွန်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး Kang Ha-neul က သန့်ရှင်းရေကျန်းမာရေးနဲ့ ပတ်သက်လာရင် ဇီဇာကြောင်တတ်တဲ့ မှန်ကြောင်လေး ဟီရောအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်သဘာဝမတူ၊ ရှင်သန်ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်မတူ၊ စတွေ့ကတည်းက မျက်နှာကြောမတည့်တဲ့ ကောင်လေး ၂ ယောက်ရဲတက္ကသိုလ်ဝင်ခွင့်အတွက် အစမ်းသင်တန်းကာလ ၂ ပတ်အတွင်းမှာ ကြုံရတဲ့ အခက်အခဲတွေကို မမျှော်လင့်ဘဲ တူတူ‌ဖြေရှင်းခဲ့ရာမှ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတယ်ရဲတက္ကသိုလ်‌ေကျာင်းသားဘဝမှာ နှစ်ယောက်လုံး FA ဘဝက ကျွတ်ချင်လို့ ပိတ်ရက် ကလပ်တစ်ခုကို သွားရာကနေ မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲတဲ့အမှုတစ်ခုကို မျက်မြင်တွေ့ခဲ့ရပြီး ကြည့်မနေနိုင်လို့ ဝင်ကူညီဖြေရှင်းခဲ့တာ အခက်အခဲတွေ ကြုံ ကျောင်းထုတ်ခံရတဲ့ထိ ဖြစ်လုဆဲဆဲ ဖြစ်ခဲ့ပုံကို ရိုက်ကူး ပြထားပါတယ်စိတ်ထားကောင်းပြီး ကူညီတတ်တဲ့ အချစ်ဆုံးသူငယ်ချင်း ၂ ယောက် ရဲတက္ကသိုလ်ကနေ ဘွဲ့ရပါ့မလားမျှော်လင့်ထားသလို ရဲအရာရှိတွေ ဖြစ်လာနိုင်မလားFA ဘဝကရော ကျွတ်သွားလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြပါကုန်အက်ရှင်ကောင်းကောင်းတွေကို ဟာသလေးတွေ နှောပြီး ဇာတ်မြူးလေး ရိုက်ထားပေးလို့ ကြည့်ပြီး မငြီးငွေ့ရမယ့် ဇာတ်ကားလေးပါမင်းသားချော ၂ ယောက် training ဆင်းတဲ့အချိန် ဘော်ဒီအလှကိုပါ မျက်ဝါးထင်ထင် မြင်တွေ့ရဦးမှာမို့ အဆင်လေးတွေ ငေးချင်ရင် ကြည့်ကို ကြည့်သင့်ပါတယ်နော်

0 comments:

Post a Comment