Maanaadu (2021)


 

Rating : 9.1/10
Country : India
Genre : Action, Adventure, Sci Fi
Released Date : 2021
Duration : 2h 27min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Time-loop ဆိုတဲ့အချိန်​​​ကျော့သံသရာကို Edge of Tomorrow,Happy Death Day 1& 2, A Day တို့လို ​ဟောလိဝုဒ်ဗားရှင်း၊ကိုရီးယားဗားရှင်းမျိုးစုံနဲ့ ဇာတ်လမ်းဆင်ရိုက်ကူးထားတာ​တွေ

ရှိသလို ဒီတစ်​ခေါက်မှာ​တော့ Tamil Time-loopဇာတ်လမ်း​လေ တစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ် IMDb user၁​သောင်းခွဲရဲ့ratingမှာ 9.1အထိ ရရှိထားပြီး ရုံတင်ရာမှာလည်း Blockbusterအဆင့်လို့ ပြောလို့ရ​​​အောင် ရုံဝင်​ငွေများစွာနဲ့ အောင်မြင်မှု​တွေရရှိထားတဲ့ကားပါဒူဘိုင်းမှာအလုပ်လုပ်​နေတဲ့ အဗ္ဗဒူ ခါလစ်ဟာ သူများမင်္ဂလာ​ဆောင်က​နေ သူငယ်ချင်းဖြစ်သူ မိန်းမဖြတ်ခုတ်ပြေးရာမှာ ကူညီဖို့အတွက်အိန္ဒိယကိုပြန်လာခဲ့ပါတယ်၊ လေယာဉ်​​ပေါ်မှာ သူနဲ့.မင်္ဂလာ​ဆောင်တစ်ခုတည်းတူတူသွားမယ့် ဆီသာလက်ချမီးနဲ့​တွေ့ဆုံခဲ့ပါတယ်၊ထိုမှတဆင့် မင်္ဂလာပွဲကို​ရောက်၊ သတို့သမီးကို ဖြတ်ခုတ်​အပြီးထွက်​ပြေးလာတဲ့လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ခိုး​ပြေးတဲ့တစ်ဖွဲ့လုံးရဲဖမ်းခံလိုက်ရပါတယ်၊ ဒါ​ပေမဲ့ ရဲ​တွေကပုံမှန်မဟုတ်ဘဲ လျှို့ဝှက်တဲ့အကြံအစည်တစ်ခုကို ကြံ​နေကြတာပါ၊ ဒါက​တော့ ၁၂ကြိမ်​မြောက်အာဏာရပါတီနှစ်ပတ်လည်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့အစီအစဉ်ပါနဂိုစီစဉ်ထားတဲ့ လုပ်ကြံ​ရေးသမားဟာ အဗ္ဗဒူတို့ကားနဲ့တိုက်မိပြီး​သေသွားလို့ အဗ္ဗဒူကိုခြိမ်း​ခြောက်ပြီး ကိုယ်စားလုပ်ကြံခိုင်းခဲ့ပါတယ်၊အဗ္ဗဒူအ​နေနဲ့ လုပ်ကြံမှုအောင်မြင်ခဲ့​ပေမယ့် အခင်းဖြစ်တဲ့​နေရာမှာပဲ​သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်၊ ဒါ​ပေမဲ့ တကယ်မ​သေခဲ့ဘဲဆီသာနဲ့ ပထမဆုံး​တွေ့ခဲ့တဲ့ ​​လေယာဉ်​ပေါ်မှာ လန့်နိုးလာခဲ့ပါတယ်၊စစဖြစ်ချင်းမှာ​တော့ဝေဝါး​နေ​ပေမဲ့ သူ့ကိုယ်သူ အချိန်ထပ်တလဲလဲဖြစ်​နေ​ကြောင်း ​သေချာသွားတဲ့​နောက် သူငယ်ချင်းဖြစ်သူရဲ့မိန်းမခိုး​ပြေးတဲ့ကိစ္စကို လမ်း​ကြောင်း​တွေ အဖြစ်အပျက်​တွေအမျိုးမျိုး​ပြောင်းပြီး စမ်းသပ်ခဲ့​ပေမဲ့ ​​​နောက်ဆုံးမှာ အဗ္ဗဒူ​သေပြီး​လေယာဉ်​ပေါ် ပြန်နိုးလာတဲ့အဖြစ်နဲ့ပဲ အဆုံးသတ်​နေတဲ့အခါအဗ္ဗဒူခါလစ်အ​နေနဲ့ ဒီ Time-loopဘာ​ကြောင့် ဖြစ်​နေလဲဆိုတာကိုရှာ​ဖွေ​ဖော်ထုတ်ရင်း ပြည်နယ်ဝန်ကြီးလုပ်ကြံမှု​နောက်ကွယ်ကလျှို့ဝှက်ချက်​ကိုပါ တပါတည်းအ​ဖြေရှာဖို့ ကြိုးစားပါ​တော့တယ်၊ဘာ​ကြောင့် ရဲ​တွေက ဝန်ကြီးကိုသတ်ချင်​နေကြတာလဲ၊ ဝန်ကြီးရဲ့လုပ်ကြံမှုနဲ့ အဗ္ဗဒူရဲ့ Time-loopက ဘယ်လိုဆက်သွယ်​နေတာလဲ၊အဲဒီပုစ္ဆာ​တွေကို အဗ္ဗဒူ​ဖြေရှင်းနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမယ့် Tamil Sci-fic Action, Drama ကားသစ်ပဲ ဖြစ်ပါတယ်

0 comments:

Post a Comment