Love & Wish (2021)





 

Episodes : 9
Country : Korea
Released Date : 2021





အညွှန်း

ပရိသတ်ကြီးအတွက် Penthouseထဲကအသည်းကျော်လေး ဟာအွန်ဗြောနဲ့ GOT7 အဖွဲ့ဝင် Choi Young-Jaeတို့က ပါဝင်သရုပ်ဆောင်ထားတဲ့ Web drama လေးနဲ့မိတ်ဆက်ပေးပါရစေ။၁၇နှစ်အရွယ်ဆွန်းဒါအွန်းက သူ့အိမ်မှာအငယ်ဆုံးလေးပါ။ အစ်မနှစ်ယောက်ရဲ့အလုပ်ကြောင့် အင်းချွန်းကနေ ဆိုးလ်ကို အတူပြောင်းခဲ့တဲ့နေ့မှာပဲ ဒါအွန်းတစ်ယောက် ဓာတ်လှေကားထဲမှာ ဆွန်းဟူဆိုတဲ့ကောင်လေးနဲ့ တိုက်မိသွားတယ်။


ဆွဲဆောင်မှုရှိပြီးချောမောတဲ့ဆွန်းဟူကို မြင်မြင်ချင်းချစ်မိသွားတဲ့ ဒါအွန်းက သူမရဲ့အချစ်စစ်လို့သတ်မှတ်လိုက်ပါတယ်။ ကံကြမ္မာဖန်ချင်တော့ ဒါအွန်းရဲ့ကျောင်းအသစ်က စာသင်ခန်းထဲမှာ ဆွန်းဟူနဲ့ထပ်တွေ့ရတဲ့အခါ …


 


အမြဲတမ်း အချစ်စစ်ကို စိတ်ကူးယဉ်ခဲ့တဲ့ ဒါအွန်းတစ်ယောက် ဆွန်းဟူရဲ့အချစ်တွေက သူမနဲ့ ထပ်တူကျပါ့မလား ဆိုတာကိုတော့ Love and Wish ဆိုတဲ့ Web Drama လေးမှာ ရှုစားရမှာပါ။


 


ဒါအွန်းနေရာကနေ ဟာအွန်ဗြော(Choi YeBin) နဲ့ ဆွန်းဟူနေရာကနေ (Choi Young-Jae) တို့က ပါဝင်သရုပ်ဆောင်ထားတဲ့  drama လေးဖြစ်လို့ ရှုစားအားပေးကြပါဦး။


Download Link
--------------------
Episode 01 - Telegram

Episode 02 - Telegram

Episode 03 - Telegram

0 comments:

Post a Comment