Erin Brockovich (2000)


 

Rating : 7.4/10
Country : United State
Genre : Biography, Drama
Released Date : 2000
Duration : 1h 42min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ငွေကြေးဆိုင်ရာအောင်မြင်မှုတွေရော၊ ကောင်းမွန်တဲ့မှတ်ချက်တွေရော၊ဆုဇကာတင်တွေရောအများကြီးရရှိထားပြီး ခေါင်းဆောင်မင်းသမီး မမချေ

ာ Julia Robertsကို leading roleအတွက် Oscars,BEFTA award, Golden Globeအပါအဝင် ဆု၇ဆုရရှိစေခဲ့တဲ့ Biographical Dramaကားတစ်ကားပါ။

Erin Brockovichဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုအလှည့်အပြောင်းကြီးဖြစ်စေခဲ့တဲ့အချိန်တစ်ခုကိုရိုက်ပြထားပါတယ်။Erinအကြောင်းကို တခြားဇာတ်ကားတွေရိုက်ထားတာရှိပေမယ့်ဒီကားကတော့ပိုအောင်မြင်ပြီး ဖြစ်ရပ်မှန်နဲ့ ၉၈%တူညီပါတယ်တဲ့။

Erinဟာ ပိုက်ဆံမရှိ၊ အိမ်ထောင်နှစ်ခါကွဲခဲ့တဲ့ ကလေးသုံးယောက်ရှိတဲ့ဆင်ဂယ်မိခင်၊စိတ်ထင်သလိုပြောတတ်ပြီး အရမ်းဟော့ဟော့ရမ်းရမ်းဝတ်စားတဲ့ အလန်းစားမိန်းမလှတစ်ယောက်။တစ်နေ့ကားတိုက်မှုကြောင့် လျော်ကြေးသိပ်မရလိုက်တဲ့အခါအမှုလိုက်ပေးတဲ့ရှေ့နေဆီမှာ မရမကအလုပ်တောင်းပါတယ်။ဥပဒေနဲ့ဆိုင်တဲ့အတွေ့အကြုံဘာတစ်ခုမှမရှိပဲရှေ့‌နေရုံးခန်းမှာအလုပ်လုပ်ရင်း အိမ်ခြံမြေရောင်းတဲ့အမှုတစ်ခုမှာဆေးမှတ်တမ်း‌ဖိုင်တွေပါတွဲထားတာကို နားမလည်လို့ သေချာစုံစမ်းလိုက်တဲ့အခါပစိဖိတ်ဓာတ်ငွေ့နှင့်လျှပ်စစ်ကော်ပိုရေးရှင်းအကြီးစားကြီးဟာအဲ့နယ်မြေနားမှာနေထိုင်တဲ့လူတွေအပေါ် ရောဂါများစွာဖြစ်စေပြီးအသက်အန္တရာယ်အရမ်းရှိတဲ့အဆိပ်အတောက်တွေစွန့်ထုတ်နေတဲ့ ဖုံးကွယ်ထားမှုကြီးကိုသိရှိသွားပြီးအဲ့နားမှာနေထိုင်သူတွေအတွက်လျော်ကြေးရအောင် အမှုလိုက်ရပါတော့တယ်။ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့ Direct action lawsuitသမိုင်းမှာအမြင့်မားဆုံးလျော်ကြေးပေးဆောင်ခဲ့ရတဲ့အမှုပါ။ဒီအမှုကြီးတစ်ခုလုံးကို လူတိုင်းက Beauty without brainလို့မြင်တဲ့အားပြင်းတဲ့ ဟော့ဟော့ရမ်းရမ်းမိန်းမတစ်ယောက်ကဦးဆောင်သွားခဲ့ပုံတွေကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ပြသွားတာပါ။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေအများကြီးရှိတဲ့အတွက်Biographicalဆိုရင် နည်းနည်းပျင်းစရာကောင်းနေမလားဆိုတဲ့ အတွေးကိုထုတ်ပစ်လိုက်ပါ။သေချာပေါက်ပြောနိုင်တာကတော့ ဒီကားဟာ ဇာတ်လမ်းကောင်းတွေထဲကတစ်ပုဒ်ပါ။တစ်ခေတ်တခါက ပုရိသတို့ရဲ့အသည်းကျော် မမJuliaရဲ့ powerfulဖြစ်တဲ့သရုပ်ဆောင်မှုတွေနဲ့ အလန်းစားအလှတရားတွေကလည်း ဇာတ်လမ်းနဲ့ကွက်တိကို လိုက်ဖက်နေပါတယ်။ဒီကားမှာ အားကောင်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် သရုပ်ဆောင်ကြေးအမြင့်ဆုံးအမျိုးသမီးသရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားမှာErinရော ရှေ့နေ Masryရော Cameoပါဝင်ထားပါသေးတယ်။ ကြည့်ရှုခံစားကြည့်လိုက်ပါဦး။

0 comments:

Post a Comment