A Girl and A Guy (2021)


 

Rating : 5.7/10
Country : Philippines
Genre : Adult, Comedy, Romance
Released Date : 2021
Duration : 2h 6min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ရက်ဖ် ဆိုတဲ့ကောင်လေးဟာ မာကတ်တင်းအေဂျင်စီတစ်ခုမှာ အလုပ်လုပ်ပေမယ့် ရေရာတဲ့ ဦးတည်ချက်မရှိ၊ဘယ်အရာကိုမှ

အလေးထားဂရုစိုက်လေ့ မရှိတဲ့ပေါ့ပျက်ပျက်ကောင်လေးတစ်ယောက်ပါ။

ဖီယိုနာ ကတော့တစ်ချိန်ကျရင် နာမည်ကျော် ဒါရိုက်တာတစ်ယောက်ဖြစ်ချင်တဲ့ အိမ်မက်ကြီးကြီးမားမားကိုပွေ့ဖက်ရင်း

လောလောဆည်မှာတော့ထုတ်လုပ်ရေးပိုင်းလက်ထောက်အဖြစ်နဲ့တာဝန်ယူထားပါတယ်။သူတို့နှစ်ယောက်ဟာ

ပတ်ဝန်းကျင်အသိုင်းအဝိုင်း အနေအထားတွေ အစစအရာရာဝေးကွာတဲ့အပြင်တစ်ယောက်နဲ့တစ်ယောက်လဲမသိကြပါဘူး။

သူတို့နှစ်ယောက်ကြားမှာတူတာဘာရှိလဲဆိုတော့ လတ်တလောမှာမှ သူတို့တစ်သက်စာရည်ရွယ်တဲ့ချစ်သူတွေက

ရက်ရက်စက်စက်လမ်းခွဲခြင်းကိုခံလိုက်ရတဲ့ စော်ပစ်ကောင်နဲ့ဘဲပစ်မလေးဖြစ်နေကြရှာတာပါပဲ။အဲ့ဒီကနေ ဘဝပျက်မတတ်

အနာဂတ်ပျောက်မတတ်ခံစားမိကြရင်း အခြေအနေတွေကို နိုင်သလိုကောင်းမယ်ထင်သလိုပြန်လည်ထိန်းသိမ်းကြရင်းနဲ့ Tinder မှာ

တစ်ယောက်နဲ့တစ်ယောက်ဆုံဖြစ်ကြပါတယ်၊ သူတို့နှစ်ယောက်အပြင်မှာဆုံမိကြမယ့်ဆဲဆဲမှာ Covid ဖြစ်ပွားမှုနဲ့ လော့ဒေါင်းကာလရှည်

ချတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်အွန်လိုင်းပေါ်ကနေ ပိုမိုရင်းနှီးသံယောဇဉ်တွေတွယ်လာရင်းနဲ့မှ နောက်ထပ်ချစ်သူသစ်တွေ

ကိုယ်စီရှာတွေ့သွားကြတဲ့အခါ..၊A Girl And A Guy ဟာ Rom/com အမျိုးအစားကိုမှလက်ရှိခေတ်အနေအထားနဲ့သရုပ်ဖော်ပြသွားတဲ့ဇာတ်ကားဖြစ်ပါတယ်။

ဒီတော့ ဇာတ်လမ်းအကျဉ်းထဲမှာထည့်မပြောထားပေမယ့် sex scenes တွေအများကြီးပါဝင်ပြီးတော့ တကယ်လဲကြမ်းတမ်းပါတယ်။(ကြည့်နေရင်းနဲ့

ဟာ ဒါကြီးလဲပြတာပဲလား ဆိုပြီးအံ့သြစရာတွေအထိပါပါတယ်)ဖိလစ်ပိုင်ကားတွေဂျင်းမဟုတ်ဘူးဆိုတာတစ်ခေတ်တစ်ခါက နာမည်ကျော် Silip/Daughters of Eve တို့ Scorpio Nights တို့လို

ဇာတ်ကားတွေကြည့်ဖူးရင်သိမှာပါ။ Scorpio Nights ဆိုတာတစ်ချိန်ကလူငယ်တိုင်းကြည့်ဖူးကြမဲ့ ကိုရီးယားအပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း

Summertime (2001) ရဲ့မူရင်းပါ။နောက်ပိုင်းတင်းကျပ်လာတဲ့ဆင်ဆာကြောင့်သာ လွတ်အောင်ရှောင်ရင်းပရိသတ်အတွက်၊ အားမရစရာတွေဖြစ်ခဲ့ပေမယ့်

အခုလို Streaming တွေကထွက်လာတဲ့တစ်ချို့ကားတွေ၊ Indie ကားတွေမှာအားရစရာတွေမြင်တွေ့ရတုန်းပါပဲ။ ဒီကားလဲအားရစရာသိပ်ကောင်းပါတယ်။

0 comments:

Post a Comment