Country : China
Duration : 1h 42min
အညွှန်း
ဒီဇာတ်ကားလေးကတော့ IDMP 6.6 အထိရရှိထားပြီး
၉၄ ကြိမ်မြောက် ဟောင်ကောင်အကယ်ဒမီဆုပေးပွဲ အတွက်
တစ်ကြိုစာရင်းပါခဲ့တဲ့ ဟောင်ကောင် ဇာတ်ကားကောင်းလေးတစ်ကားပါ။
ဇာတ်လမ်းအကျဉ်းကို မပြောခင်မှာ မေးခွန်းလေးတစ်ခု အရင်မေးကြည့်ချင်ပါတယ်။
အားကစားနယ်ပယ်အစုံမှာ နိုင်ငံကိုယ်စားပြု ဖြစ်ဖို့ လွယ်ပါသလား။
မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ တွေပေါင်းစပ်ပါမှ
သာမန်လူတစ်ယောက်ဟာ အားကစားသမားကောင်း တစ်ယောက် ဖြစ်လာနိုင်မှာပါ။
ဒီထက်ဆိုးတာက မွေးရာပါရောဂါကြောင့် ကြွက်သားတွေ ထိန်းချုပ်မရဘဲ
လမ်းတောင်မနည်းလျှောက်နေရတဲ့ ဘ၀ကနေ အားကစားသမားတစ်ယောက်ဖြစ်ဖို့ဆိုရင်
မဖြစ်နိုင်လောက်အောင် ခက်ခဲမှာမဟုတ်လား။ဒီဇာတ်လမ်းဟာ ဒီလိုလူတစ်ယောက်အကြောင်းဖြစ်ရပ်မှန်ကို
ရိုက်ကူးထားတာမို့ စိတ်၀င်စားစရာအပြည့်နဲ့ပါ။
မွေးရာပါ အာရုံကြောအားနည်းတဲ့ရောဂါကြောင့်
ကြွက်သားတွေမသန်စွမ်းဘဲ မွေးဖွားလာတဲ့
မွေးစမှ နောက်ဆုံးပြိုင်ပွဲအထိ သူ့မိသားစုအကြောင်းပါမကျန် ရိုက်ပြထားတာမို့
လေးစားအတုယူစရာ ဆို့နင့်ကြေကွဲစရာ ရသအစုံပေးစွမ်းတဲ့
ကွမ်တုံစကားပြော ဟောင်ကောင်ကားလေးကို လိုက်ပါစီးမျောခံစားလိုက်ပါဦးဗျာ။
0 comments:
Post a Comment