Country : India
Duration : 2h 2min
အညွှန်း
ဘောလီးဝုဒ်ဖန်တို့အတွက် ရိုမန့်တစ်ဇာတ်ကား အသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်လေး
နှစ်ယောက် အိမ်မက်ကို ဘယ်လို အရှုံးမပေးဘဲ ကြိုးစားအကောင်အထည်ဖော်ကြမယ်ဆိုတာကို ကြည့်ရှုရမှာပါ။
ဗယ်နယ်လာကတော့ ဖက်ရှင်ဒီဇိုင်း ပညာကို ဝါသနာပါတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပြီး ဟာရစ်ရှ်ဆိုတဲ့ ဆရာဝန်လေးနဲ့ စေ့စပ် ထား သူဖြစ်ပါတယ်။ ဒါပေမဲ့ ဟာရစ်ရှ်ကကော သူ့မိသားစု ကပါ ဗယ်နယ်လာရဲ့ အိမ်မက်ကို လုံးဝမထောက်ခံပေးဘဲ တားဆီးနေခဲ့ပါတယ်။
ဆစ်ဒူကတော့ကိုယ်ပိုင်လုပ်ငန်း သေးလေးစလုပ်ချိန်မှာ အရှုံးပေါ်သွားလို့ စိတ်ဓါတ် ကျနေတဲ့ကောင်လေးပါ။ နှစ်ယောက်သားဆုံကြပြီး နောက် ဗယ်နယ်လာရဲ့ ဖက်ရှင်ဒီဇိုင်းလုပ်ငန်းကို အောင်မြင် အောင်ကြိုးစားလုပ်ကိုင်ဖို့ဆုံးဖြတ်လိုက်တဲ့အခါ စီးပွားရေးတူတူလက်တွဲ လုပ်ရင်း သံယောဇဥ် တွဲလာတဲ့အခါ… ဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတာကို ကြည့်ရှုပေးကြပါဦးနော်။
0 comments:
Post a Comment