Chhorii (2021)


 

Rating : 8.0/10
Country : India
Genre : Drama, Horror, Thriller
Released Date : 2021
Duration : 2h 9min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Horrorကြိုက်သူတွေ အကြိုက်‌တွေ့စေမယ့် အိန္ဒိယကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ကလေးချစ်တတ်ပြီး မိဘမဲ့ဂေဟာNGOမှာ ဦးစီးဦးဆောင်လုပ်နေတဲ့ဆာ့ခ်ရှီဟာကိုယ်ဝန်၈လရနေပြီဖြစ်တဲ့ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးပါ။ယောက်ျားဖြစ်သူ ဟယ်မန့်က စီးပွားရေးအတွက်ရင်းနှီးငွေတွေ အလိမ်ခံလိုက်ရပြီး

အကြွေးရှင်တွေရဲ့ ခြိမ်းခြောက်မှုနဲ့ကြုံတွေ့လာချိန်…တစ်နေရာမှာ ပုန်းရှောင်နေဖို့အတွက်အကြောင်းဖန်လာပါတော့တယ်။စိုက်ခင်း‌တွေကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာကအိမ်မှာ ခဏရှောင်နေကြရင်းက ဒီဇာတ်လမ်းက အစပြုလာပါတယ်။ပုံမှန်မဟုတ်တဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာမှာဆာ့ခ်ရှီက သူနဲ့ သူ့ရဲ့မမွေးသေးတဲ့ကလေးကို ကာကွယ်ဖို့ လွတ်မြောက်အောင် ကြိုးစားရင်းဇာတ်လမ်းရဲ့မြှုပ်ထားတဲ့ ဇာတ်ကွက်တွေက တဖြည်းဖြည်းရုပ်လုံးပေါ်လာပါတယ်။ထူးဆန်းတဲ့ကလေး၃ဦးနဲ့ မီးလောင်ကျွမ်းနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဝိဉာဉ်က ဘာအတွက် မကျွတ်မလွတ်ဖြစ်နေရတာလဲ????ဘာကိုအငြိုးကြီးနေခဲ့လို့ ဒီစိုက်ခင်းကြီးကကိုယ်ဝန်သည်တွေအတွက် ကျိန်စာတစ်ခုလိုဖြစ်နေရတာလဲ????မေးခွန်းတစ်ခုပြီးတစ်ခု ပေါ်လာရင်းက

ဆာ့ခ်ရှီရဲ့ ရုန်းကန်မှုတွေနဲ့အတူဇာတ်လမ်းရဲ့လှည့်ကွက်တွေကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။မိခင်မေတ္တာကြီးမားပုံကိုလည်းခံစားရမယ့်အပြင်ဇာတ်လမ်းရဲ့ ဇာတ်ကွက် လှည့်စားမှုအနည်းငယ်ကလည်း ကြည့်နေတဲ့လူကို အံ့အားသင့်စေဦးမှာပါ။နောက်ဆုံးအနေနဲ့ တကယ့်ကားကောင်းလေးမို့လို့ လက်လွှတ်မခံပါနဲ့လို့ ညွှန်းလိုက်ပါတယ်နော်။

0 comments:

Post a Comment