The Devil Below (2021)


 

 

Rating : 4.2/10
Country : United State
Genre : Horror, Thriller
Released Date : 2021
Duration : 1h 28min

အညွှန်း

ရှူကန်လို့ခေါ်တဲ့ တောင်ပေါ် မြို့ဟောင်းလေးဟာ ၁၉၇၂ခုနှစ်ကတည်းက အဲ့နေရာမှာ မြေနေရာသတ်မှတ်ခဲ့တယ် တချို့မြေပုံတွေထဲမှာတော့ မြို့အနေနဲ့ပဲ ပြထားတယ်

ကမ္ဘာ့မျက်နှာပြင်ရဲ့ ဘေးဘက်စွန်းမှာ ဖယ်ထားကြတယ်

အဲ့ဒိတောင်ပေါ်မြို့လေးမှာ သတ္တုတွင်းတူးဖော်တဲ့ အလုပ်သမားတွေ နေထိုင်ကြတယ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀လောက်က သတ္တုတွင်းတူးဖို့ မိုင်းဖောက်ခွဲရင်း တစ်မြို့လုံးမီးလောင်သွားပြီး လူတွေအားလုံး သေသွားခဲ့ကြတယ် နောက်ပိုင်း အဲ့မြို့လေးမှာ ထူးဆန်းတာတွေ ဖြစ်ပွားခဲ့တယ် ဒီလိုထူးဆန်းတဲ့ တောင်ပေါ်မြို့လေးကို တောင်ပိုင်း အေးလ်တောင်ထိပ်အကျော်က လေးလာရေးအဖွဲ့တစ်ဖွဲ့က လေ့လာဖို့ သွားရောက်ခဲ့တယ်

လမ်းပျောက်လို့ လမ်းစရှာရင်း စျေးဆိုင်လေးတစ်ဆိုင်ကို လမ်းမေးခဲ့တယ် သူတို့က ရှူကန်တောင်ပေါ်သားတွေ တောင်ပေါ်မှာ ထူးဆန်းတာတွေ ဖြစ်နေတယ်ဆိုတာကို လူတွေမသိစေချင်တဲ့အတွက် ဖုံးကွယ်ဖို့ကြိုးစားခဲ့ကြတယ်

ခရီးသွားလေ့လာရေးအဖွဲ့ကို လာရာလမ်းအတိုင်း ပြန်လှည့်သွားခိုင်းခဲ့တယ် ဒီလိုနဲ့ပဲ လေ့လာရေးအဖွဲ့ကလည်း သူတို့သွားချင်တဲ့တောင်ပေါ်မြို့လေးကို မရောက်ရောက်အောင်သွားခဲ့တယ် တောင်ပေါ်မြို့လေးမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်မျှော်ကြည့်ရှုပေးပါရန်

 

0 comments:

Post a Comment