The Banquet (2006)


 

 

Rating : 6.4/10
Country : China
Genre : Drama, Action, Fantasy
Released Date : 2006
Duration : 2h 11min

အညွှန်း

မင်းသမီးကျန်းကျိရိပါဝင်ထားတဲ့ ခမ်းနားတဲ့အချစ်ဇာတ်ကားလေးပါပဲ…

အချစ်ဇာတ်ကားဆိုပေမယ့် သိုင်းကစားပြီး Crouching Tiger, Hidden Dragon လို ဇာတ်လမ်းကိုပုံဖော်ထားပါတယ်

ရိုက်ကူးထားတဲ့ပုံစံတွေ သိပ်ကိုခမ်းနားပါတယ်..ကြည့်ကြည့်ပါ။

မင်းသား Daniel Wu တို့ မင်းသမီး Xun Zhou တို့လဲ ပါပါသေးတယ်..

အချိန်ကတော့ တရုတ်ပြည်ဖရိုဖရဲဖြစ်နေတဲ့ “မင်းဆက်ငါးဆက်..နိုင်ငံဆယ်နိုင်ငံ” ၉ ရာစုခေတ်ကာလကိုအခြေခံထားပါတယ်..

နိုင်ငံငယ်တွေ ရောထွေးနေတဲ့အပြင် ဘုရင် မှူးမတ်တွေ အချင်းချင်းပြန်သတ်ကြပြီး အာဏာလုနေကြတာနဲ့

တစ်နိုင်ငံလုံး သွေးချောင်းစီးနေချိန်ပေါ့…

ဒီအချိန်မှာ ဘုရင်ကို ညီတော်မောင်ကသတ်ပြီး ဘုရင်ထလုပ်ရော…

ပြီးတော့ သေသွားတဲ့ဘုရင်ရဲ့မိဖုရားခေါင်ကြီး ဝမ်ကို ထပ်ယူဖို့ကြံပြန်ရော..

ဖြစ်ချင်တော့ မိဘုရားခေါင်ကြီးဝမ်ကလဲ သေသွားတဲ့ဘုရင်ကိုယူသာယူထားတာ…

သူနဲ့ချစ်ကြိုက်နေတာက ဘုရင့်သား အိမ်ရှေ့မင်းသား…

ဒီတော့ မိဖုရားခေါင်ကြီးနဲ့ အိမ်ရှေ့မင်းသားနဲ့ ခုမှ ဘုရင်ထလုပ်တဲ့ဦးရီးတော်တို့ကြား ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ…။

အချစ်နဲ့စစ်ဆိုတာ နှစ်ခုလုံးကြေကွဲစရာချည်းပါပဲ။

 

 

0 comments:

Post a Comment