Shershaah (2021)


 

 

Rating : 8.8/10
Country : India
Genre : Drama, Action, Biography, War
Released Date : 2021
Duration : 2h 15min

အညွှန်း

ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ IMDb rating 8.9/10အထိရရှိထားတဲ့ Action, Biography, Drama အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲမှာ ရှင်းမလားဒေသကိုလိုချင်တဲ့ ပါကစ္စတန်တွေက ကာဂဲလ်တောင်ထိပ်တွေပေါ်မှာ စခန်းချပြီး ကျူးကျော်လာခဲ့ပါတယ်။ ဒီစစ်ပွဲကို အောင်ပွဲရအောင် ရှေ့တန်းမှာရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပေးခဲ့သူကတော့ ဗစ်ခရာဘာတရာပါပဲ။ သူ့ရဲ့ဦးဆောင်မှုနဲ့ တောင်ထိပ်တွေပေါ်က အပေါ်စီးကတုတ်ကျင်းတွေမှာ နေရာယူထားတဲ့ ရန်သူတပ်တွေကို ခက်ခက်ခဲခဲတိုက်ခိုက်ပြီး အိန္ဒိယဘက်က ဒီစစ်ပွဲမှာအောင်ပွဲခံနိုင်ခဲ့တာပါ။ ဒါ့အပြင် ရှေ့တန်းမထွက်ခင် ဗစ်ခရမ်ပြောသွားခဲ့တဲ့ ” ငါအောင်ပွဲရလို့ အိန္ဒိယအလံကို အောင်လံထူပြီးပြန်လာရင်လာ မဟုတ်ရင်တော့ အလံခြုံပြီးပဲပြန်လာမယ်” ဆိုတဲ့စကားကလည်း အတော်လေး လူတွေကြားမှာ နာမည်ကြီးသွားခဲ့ပါတယ်။

ဒီရုပ်ရှင်ကားက ဖြစ်ရပ်မှန်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်တဲ့အပြင် ဗစ်ခရမ်ရဲ့ဘဝမှာဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေ၊ သူ့ရဲ့ချစ်သူနဲ့တွေ့ခဲ့ပုံတွေ၊ သူ့ရဲ့စစ်သားဘဝဖြစ်လာဖို့ ဘယ်လိုစတင်ခဲ့ရတယ် စတာတွေပါထည့်သွင်းပြီး ဇာတ်အိမ်အခိုင်အမာနဲ့ရိုက်ပြထားလို့ လုံးဝမပျင်းရမယ့်ကားကောင်းလေးပါ။ အချို့လူတွေရဲ့ဘဝဇာတ်လမ်းက စိတ်ကူးယဥ်ဇာတ်လမ်းတွေထက် ပိုဆန်းကြယ်လှပပြီး ဒရာမာဆန်လွန်းလှတယ်ဆိုတာ ဒီကားလေးကသက်သေပါပဲ

 

0 comments:

Post a Comment