Prisoners of the Ghostland (2021)


 

 

Rating : 4.5/10
Country : United State
Genre : Action, Horror, Thriller
Released Date : 2021
Duration : 1h 43min

အညွှန်း

မင်းသားကြီး Nicolas Cageရဲ့ 2021ထွက် အသစ်စက်စက် actionဇာတ်ကားကြီးရပါပြီ၊ ဒီကားက​တော့ လူကြမ်းကြီးနဲ့

မင်းသမီး​​လေး နှစ်ပါးသွားကြမယ့်ဇာတ်ကား​ပါ။

ဇာတ်လမ်းအညွန်းက​တော့ ဂျပန်ဆာမူရိုင်း​တွေချည်းပဲ နေထိုင်တဲ့မြို့​လေးတစ်မြို့ကို ဇတ်ဇတ်ကြဲဘဏ်ဓါးပြကြီး Hero တစ်​ယောက် ဓါးပြသွားတိုက်ရာ အတိုက်မ​တော် ​တစ်ကျွန်းဆိုသလို ​ထောင်နန်းစံမြန်းလိုက်ရပါတယ်၊

ဖြစ်ချင်​တော့ အဲ့ဒီမြို့အကြီးအကဲရဲ့ ​မြေးမ​လေးဖြစ်သူ​ ဘားနစ်က Nightoutထွက်ရင်း Ghostlandလို့​ခေါ်တဲ့ ဖုန်းဆိုး​မြေတစ်ခုမှာ

​ပျောက်​ချင်းမလှ ​ပျောက်ဆုံးသွားပါတယ်၊ မြေးမ​လေးကို ပြန်ရှာဖို့အတွက် အကြီးအကဲက ဓါးပြကြီး Heroကို သူ့ရဲ့​ထောင်ဒဏ်နဲ့

အ​ပေးအယူလုပ်ခဲ့ပါတယ်၊ Heroတစ်​ယောက် ဘားနစ်ကို Ghostlandကြီးထဲမှာ ကောက်ရိုးပုံထဲအပ်​ပျောက်ရှာသလို လိုက်ရှာဖို့

မြို့အကြီးအကဲ​ပေးလိုက်တဲ့အချိန်က “​၅ရက်”ထဲပါ။

ဘားနစ်ကို ဓါးပြကြီးHeroတစ်​ယောက် ​ဘေးမသီရန်မခပဲ ပြန်​​ခေါ်လာနိုင်မှာလား၊ ၅ရက်အတွင်း ပြန်မ​ခေါ်လာနိုင်ရင် ဘာပြစ်ဒဏ်ခံရမလဲ၊

ဘားနစ်​ပျောက်ဆုံးသွားတဲ့ Ghostlandဆိုတာ ဘယ်လို​နေရာမျိုးလဲ၊ ဘယ်သူ​တွေကျက်စား​နေကြတဲ့​နေရာမျိုးလဲ၊ ဘာလျှို့ဝှက်ချက်​တွေရှိ​

နေလဲဆိုတာကို Nicolas Cage ဇာတ်ကား​တွေရဲ့ထုံးစံအတိုင်း အရွန်း​ဖောက်ထားတဲ့ ဟာသ​တွေ၊ အ​ပြောအဆိုခပ်ကြမ်းကြမ်း၊

အလန်းစားအက်ရှင်​တွေနဲ့ ရိုက်ကူးထားတာဖြစ်လို့ ကြည့်​ပျော်တဲ့Actionကား​ကောင်းတစ်ခုဖြစ်ပါတယ်။

 

0 comments:

Post a Comment