Country : United State
Duration : 1h 35min
အညွှန်း
တေးဂီတကို ချစ်မြတ်နိုးတဲ့ ဗီဗိုလေးဟာ တစ်နေ့တစ်နေ့ သူ့သခင်နဲ့အတူ လမ်းပေါ်မှာဖျော်ဖြေရင်းနဲ့
နေ့စဉ်အချိန်တွေကို ကုန်မှန်းမသိ ကုန်ဆုံးခဲ့ကြတယ် ဗီဗိုလေးအတွက်ပျော်ရတယ်ဆိုပေမဲ့ သူ့သခင်မှာတော့ နာကျင်ကြေကွဲစရာအတိတ်လေးရှိခဲ့ရှာတယ်..သိပ်ချစ်တဲ့ကောင်မလေးတစ်ယောက်ကို အကြောင်းကြောင်းကြောင့်ချစ်ခွင့်မပန်ခဲ့ရလို့ ဝေးကွာနေတာပေါ့ သခင်ဖြစ်သူမှာ ဒီကောင်မလေးကိုဘယ်လောက်ချစ်ကြောင်းရေးဖွဲ့ထားတဲ့သီချင်းလေးရှိမှန်းလည်းသိရောဆရာတပည့်(၂)ယောက် မိုင်ယာမီမှာရှိတဲ့ ကောင်မလေးဆီကို သွားဆိုပြဖို့ ခရီးထွက်ဖို့စိုင်းပြင်ကြပါတော့တယ်…အဲ့ဒီနောက်မှာတော့ မမျှော်လင့်ထားတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်… ဒီAnimation လေးဟာ Sony ကထုတ်လုပ်ထားတာမို့ ရိုက်ချက်တွေ အတော်လေးလှပါတယ်…ပြီးတော့ သာယာဖွယ် သီချင်းလေးတွေ တစ်ဝကြီးနားထောင်ရမှာဖြစ်သလို ဇာတ်လမ်းလေးကလည်းကောင်းလှပါတယ်…ဒီကာလကြီးမှာ စိတ်အပန်းပြေဖို့ အသင့်တော်ဆုံးဇာတ်ကားလေးဆိုရင်တော့ လွန်မယ်မထင်ပါဘူး.
0 comments:
Post a Comment