The Last Mercenary (2021)

 


Rating : 5.3/10
Country : United State
Genre : Comedy, Action, Adventure
Released Date : 2021
Duration : 1h 50min

အညွှန်း

ဗန်ဒိန်းက လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်ပြီအစိုးရရဲ့ လျှို့ဝှက်မစ်ရှင်ကို ဦးစီးပြီးဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲ့ မစ်ရှင်ကိုပဲ အစိုးရက လူသိမခံစေချင်တာကြောင့်အေးဂျင့်တစ်ဖွဲ့လုံးကို ခြေရာဖျောက်နေထိုင်စေချင်ပါတယ်။ ဒါကြောင့် အလဲအလှယ်အနေနဲ့ ဗန်ဒိန်းရဲ့မိန်းမက သူ့သား(ဗန်ဒိန်းရဲ့သား) ကို ဥပဒေကနေကင်းလွတ်ခွင့်ပေးရမယ်ဆိုပြီး အစိုးရထံကနေ ပြန်လည်တောင်းဆိုလိုက်ပါတယ်။ အစိုးရနဲ့ အပေးအယူလုပ်ပြီး ဗန်ဒိန်းကလည်း ခြေရာဖျောက်နေထိုင်ကာ သူ့သားကိုပါ တစ်ခြားတစ်ယောက်ထံအပ်နှံထားခဲ့ပြီး ၂၅နှစ်ကြာ ခြေရာဖျောက်နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကိစ္စတစ်ခုကြောင့် သူ့သားဟာ အန္တရာယ်တွေကြားမှာ ပြေးလွှားဖို့ ဖြစ်လာခဲ့ရတာမို့ . ကြမ်းပေ့ရမ်းပေ့ဆိုတဲ့လျှို့ဝှက်အေးဂျင့်ကြီး ဗန်ဒိန်း၊ မစ်ရှင်တွေအမျိုးမျိုးကို ကြမ်းကြမ်းတမ်းတမ်းဆော်ချနေတဲ့ဘဲကြီးက သားဖြစ်သူကိုကာကွယ်ဖို့အတွက် ၂၅ နှစ်ကျော်ပျောက်ကွယ်နေရာကနေ ပြင်သစ်ကို ပြန်လာတာရပါတော့တယ်။ အညွှန်းကတော့ ဒီလောက်ပါပဲဗန်ဒိန်း ရဲ့ကားသစ်လည်းဖြစ် ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်ပုံတွေနဲ့ လျှို့ဝှက်အေးဂျင့်မစ်ရှစ်တွေကို ဟာသနှောပြီးရိုက်ကူးထားတာမို့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းပါလို့ပြောချင်ပါတယ်။



0 comments:

Post a Comment