Mimi (2021)

 


Rating : 8.2/10
Country : India
Genre : Comedy, Drama
Released Date : 2021
Duration : 2h 12min

အညွှန်း

ဒီအိန္ဒိယဇာတ်လမ်း ဇာတ်ကွက်ကဆန်းပြားသလို စိတ်ဝင်စားဖို့လည်းကောင်းတယ်…မိခင်ဖြစ်သူရဲ့ချို့ယွင်းချက်ကြောင့်

သားသမီးယူလို့မရနိုင်တဲ့ အမေရိကန်လင်မယားနှစ်ယောက်ဟာ သူတို့ရင်သွေးကို အငှားကိုယ်ဝန်လွယ်ခိုင်းဖို့ အိန္ဒိယပြည်မှ ကျန်းမာကြံ့ခိုင်သန်စွမ်းတဲ့ မိန်းမငယ်လေးတစ်ဦးကို လိုက်ရှာပါတယ်…မိန်းမငယ်လေးဘက်လည်းအဆင်ပြေအောင်အခကြေးငွေမြိုးမြိုးမြက်မြက်လေးပေးမယ်စိတ်ကူးပြီး ရှာဖွေတာပေါ. အဲ့လိုနဲ့ဘောလီဝုဒ်မှာ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားရုန်းကန်နေတဲ့ သူတို့လိုချင်တဲ့ပုံစံအတိုင်းဖြစ်တဲ့ ကောင်မလေးကိုတွေ့လိုက်တယ်…ဘောလီဝုဒ်သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း ပိုက်ဆံမရှိရင် ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက်ကောင်မလေးဘက်ကလဲ ဒီအငှားကိုယ်ဝန်ဆောင်မယ့်ကိစ္စကို သဘောတူလိုက်တယ်… ရူပီးသိန်းနှစ်ဆယ်နဲ့ပေါ့ကိုယ်ဝန်ဆောင်ကာလ ကိုးလအတွက် တစ်လငါးသောင်းနှုန်းနဲ့ လေးသိန်းခွဲအရင်ပေးထားပြီး ကျန်တဲ့၁၅သိန်းကျော်ကိုကလေးမွေးပြီးမှပေးမယ်ဆိုပြီး သဘောတူခဲ့ကြတယ်…ဒီလိုနဲ့ ကိုယ်ဝန်ဆောင်ဖို့ ဖြစ်လာပါတယ်…အဲ့ဒီနောက်မှာတော့ မမျှော်လင့်တဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာပါတော့တယ်…ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…..IMDb..8.5ဖြစ်ပြီး အိန္ဒိယရဲ့ မင်းသမီးချော Kriti Sanon နဲ့ မင်းသားကြီးPankaj Tripathi တို့ပါဝင်ထားတဲ့အပြင်တမူထူးတဲ့ ဇာတ်လမ်းဖြစ်လို့နင်းကန်ကြည့်သင့်ပါကြောင်း…

0 comments:

Post a Comment