Bring Your Own Brigade (2021)


 

 

Rating : 7.6/10
Country : United State
Genre : Documentary
Released Date : 2021
Duration : 1h 59min

အညွှန်း

အချစ်ကား‌တွေ အက်ရှင်ကားတွေနဲ့ ငြီးငွေ့နေကြပြီလား ပရိသတ်ကြီးတို့။
အဖြေဟာ Yes ဆိုရင်တော့ အခုတစ်ခါမှာ Documentary ကောင်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ Documentary ဆိုပေမဲ့ IMDb 7.5, RT 88%, MetaCritic 81% တောင်ရထားတာပါ။

ငယ်ငယ်တုန်းက အင်္ဂလိပ်စာမှာသင်ခဲ့ရတဲ့ Fire : a good servant but a bad master ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ မီးဆိုတာက ကိရိယာကောင်းလား အန္တရာယ်ကောင်ကြီးလား။ ပရိသတ်တို့ ဘယ်လိုထင်ကြလဲမသိဘူး။

ဒီထဲမှာတော့ အင်္ဂလန်ကနေ ကယ်လီဖိုးနီးယားကို ရောက်လာတဲ့ ရုပ်ရှင်ထုတ်လုပ်သူ Lucy Walker ဟာ ကယ်လီဖိုးနီးယားကို ရောက်လာတဲ့နေ့မှာတင် အဝေးပြေးလမ်းဘေးမှာ တောမီးကြီးတစ်လုံးကိုတွေ့လိုက်ရပါတယ်။ ဒါပေမဲ့ အမေရိကန်သားတွေကတော့ ကားလမ်းပေါ်မှာ အေးဆေးမောင်းနေတုန်းပါပဲ။

ဒီကိစ္စကို မြင်ပြီးသကာလမှာ မီးတွေ ဘာလို့ ဒီ‌လောက်ကြီး‌ လောင်နေရတာလဲ၊ ဘယ်သူမှဘာမှမလုပ်ကြဘူးလား၊ ဒီ‌လိုတောမီးတွေက အမေရိကမှာ ဘာလို့ ဆက်တိုက်ကိုဖြစ်နေရတာလဲ စတဲ့ သူသိချင်နေတဲ့မေးခွန်းတွေရဲ့ နောက်ကွယ်ကအချက်အလက်တွေကို လိုက်ရှာပါတော့တယ်။

မီးလောင်တာလေးပဲဆိုတာထက် ပိုနေတဲ့ အမေရိကန်က တောမီးတွေနဲ့ ပတ်သတ်လို့ သက်ဆိုင်တဲ့ မီးဘေးဒုက္ခသည်တွေ၊ ဒေသခံတွေ၊ မီးသတ်သမားတွေအားလုံးကို အင်တာဗျူးတွေလုပ်ပြီး အချက်အလက်တွေကို သေချာနက်နက်နဲနဲ တူးကြည့်ထားတဲ့ကားလေးဖြစ်တဲ့အတွက် စိတ်ဝင်စားရင်လာကြည့်လှည့်ကြပါဦး

 

0 comments:

Post a Comment