Battle Royale II: Requiem (2003)


 

 

Rating : 4.7/10
Country : Japan
Genre : Drama, Action, Thriller
Released Date : 2021
Duration : 2h 35min

အညွှန်း

ယခင်ကBattle Royaleမှာ အသက်ရှင်ဖို့အတွက်ကြိုးစားခဲ့ကြရတဲ့ BRကစားပွဲနဲ့ မိတ်ဆက်ပေးခဲ့ပြီး
ဒီတစ်ခါ Battle Royale 2မှာတော့ အရင်1က BRကစားပွဲမှာ အသက်ရှင်ကျန်ခဲ့သူဖြစ်တဲ့ နာနာဟရာကို ပြန်လည်သတ်ဖြတ်ဖို့အတွက် ကျောင်းတစ်ကျောင်းကိုထပ်မံရွေးချယ်ခဲ့ပြန်ပါတယ်။ နာနာဟရာက ကလေးတွေကို ခုလိုမျိုးတစ်ယောက်နဲ့တစ်ယောက်ပြန်လည်သတ်ဖြတ်ရအောင် တွန်းအားပေးတဲ့လူကြီး‌တွေကို စိတ်နာကျည်းပြီး ပြန်လည်ခုခံဖို့ကြိုးစားနေတဲ့သူပါ

ဒီတစ်ခါအလှည့်ကျပြီး ရွေးချယ်ခြင်းခံခဲ့ရတဲ့ ကျောင်းကတော့ ရှီကာနိုတိုရိုက်ဒ် အလယ်တန်းကျောင်းကဖြစ်ပြီး ဒီကျောင်းက ကလေးတွေကတော့ လူဆိုးလူမိုက်တွေလို့သတ်မှတ်ခံထားရတဲ့သူတွေပါ ဒီကျောင်းကနေတဆင့် မိသားစုကနေစွန့်ပစ်ခံထားရတဲ့ အိုင်တကူမာ ,ဖခင်ကိုစိတ်နာနေတဲ့ ကီတာနိုရှီအိုရီတို့ကလည်း ဒီကစားပွဲမှာပါ၀င်ဖို့ ဖြစ်လာခဲ့ပါတယ်

ဒါပေမဲ့ ကစားပွဲမှာ ပါ၀င်ဖို့ရွေးချယ်ခံထားရတဲ့သူတွေက စစ်၀တ်စုံတွေကို၀တ်ဆင်ထားပြီး နာနာဟရာကို လာရောက်သတ်ဖြတ်တဲ့အခါမှာတော့ သူတို့ကြားမှာအထင်လွဲမှုတွေဖြစ်လာပြီး အချင်းချင်းတိုက်ခိုက်ကြပါတော့တယ် ဖိအားပေးခံရပြီး လာခဲ့ရတဲ့ကလေးတွေနဲ့ နာနာဟရာတို့ကြားက အထင်လွဲမှုတွေပြေလည်သွားမလား ကိုယ်ကျိုးအတွက်ပဲကြည့်ပြီး အင်အားကြီးတဲ့လူကြီးတွေနဲ့ ဇွဲသတ္တိနဲ့အမှန်တရားကလွဲရင် ဘာအင်အားမရှိတဲ့ နာနာဟရာတို့အဖွဲ့က သူတို့အလိုရှိတဲ့ငြိမ်းချမ်းပြီီး တရားမျှတတဲ့ကမ္ဘာကြီးအဖြစ် ပြောင်းလဲပစ်နိုင်မှာလားဆိုတာကို action, thrillerဇာတ်ကားကောင်းလေးဖြစ်တဲ့ ဒီကားထဲမှာပဲ ကြည့်ရူလိုက်ကြပါဦး

 

0 comments:

Post a Comment