Batman: The Long Halloween, Part One (2021)


 

 

Rating : 7.6/10
Country : United State
Genre : Action, Crime
Released Date : 2021
Duration : 1h 41min

အညွှန်း
အားလုံးစောင့်မျှော်နေကြတဲ့ Batman: The Long Halloween, Part One ကတော့ ထွက်ရှိလာခဲ့ပါပြီ။ ထုံးစံအတိုင်း Live Action တွေမှာသာတိုင်ပတ်နေတဲ့ DC ဟာ Animation ပိုင်းမှာတော့ တော်တော်ကောင်းနေဆဲပါပဲ။ ဒီဇာတ်လမ်းလေးကတော့ တခြားဘာဇာတ်လမ်းနဲ့မှ ချိတ်ဆက်ထားခြင်းမရှိဘဲ ၁၉၉၆နဲ့ ၁၉၉၇ ခုနှစ်တို့မှာထွက်ရှိခဲ့တဲ့ Comic ကိုအခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Part One ကိုတော့ ၂၂ ရက်နေ့မှာ ထုတ်လုပ်ခဲ့ပြီး Part 2 ကတော့ နောက်လ ၂၇ ရက်နေ့မှာ ထွက်ရှိမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ သာမန် Batman ရုပ်ရှင်တွေနဲ့ မတူဘဲ Detective ဘက်ကို အတော်လေးအားသာနေပါတယ်။ Batman, Harvey နဲ့ Captain Gordon တို့ ၃ ယောက် ပူးပေါင်းပြီးတော့ တစ်လတစ်ခါ၊ နေ့ထူးနေ့မြတ်ရောက်တိုင်း လူသတ်တဲ့ Holiday လို့အမည်ရတဲ့ လူဆိုးကိုဖော်ထုတ်ကြမှာပဲဖြစ်ပါတယ်။ စုံထောက်ကားတွေကြိုက်တဲ့သူတွေဆိုရင်တော့ တရားခံဘယ်သူလဲဆို လိုက်စဥ်းစားပြီးတော့ စီးမျောလို့ရမှာပဲဖြစ်ပါတယ်။

 

0 comments:

Post a Comment