Mandela (2021)


 

Rating : 8.6/10
Country : India
Genre : Comedy, Drama
Cast : Yogi Babu, Sheela Rajkumar, Sangili Murugan 
Released Date : 2021
Duration : 2h 20min

အညွှန်း
ဆူရန်ဂူဒီဆိုတဲ့ရွာလေးက ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ ရွာလေးတစ်ရွာပေါ့။
အဲ့ရွာရဲ့ တောင်ပိုင်းနဲ့မြောက်ပိုင်းဟာလည်း အစဉ်အဆက်မတည့်ခဲ့ကြဘူး။ရွာဥက္ကဌကလည်း တောင်ပိုင်းကမိန်းမတစ်ယောက်၊ မြောက်ပိုင်းကမိန်းမတစ်ယောက်ယူထားပြီး သားတစ်ယောက်စီရှိကြတယ်။
အဲ့သား ၂ ယောက်ကလည်း မတည့်ကြဘူးပေါ့။ အဲ့ရွာမှာပဲ တောင်ပိုင်းသားရော၊ မြောက်ပိုင်းသားရော မဟုတ်တဲ့
အမျိုးဇာတ်နိမ့်ကျတဲ့ ဆံပင်ညှပ်ဆရာတစ်ယောက်ရှိတယ်။ သူ့မှာနာမည်ရယ်လို့လည်း အတည်တကျမရှိသလို
အရိပ်ကောင်းတဲ့ညောင်ပင်ကြီးကသာ သူ့အိမ်၊ သူ့ဆံပင်ညှပ်ဆိုင်ပဲ။ သူကဆံပင်ညှပ်၊ မုတ်ဆိပ်ရိတ်တာအပြင်
တောက်တိုမယ်ရခိုင်းတာအကုန်လုပ်တယ်။ သူ့အိပ်မက်က တစ်နေ့မှာ ပုံစံတကျဆံပင်ညှပ်ဆိုင်လေးတစ်ဆိုင်ဖွင့်နိုင်ဖို့ပဲ။ဒီလိုနဲ့ရွာလေးမှာ ရွာဥက္ကဌခန့်ဖို့ ရွေးကောက်ပွဲကျင်းပဖို့နီးလာတဲ့အခါမှာတော့ ရွာဥက္ကဌရဲ့သား ၂ ယောက်လုံးက
ဝင်ရောက်ယှဉ်ပြိုင်ကြတယ်။ ရွာတောင်ပိုင်းနဲ့မြောက်ပိုင်းမဲပေးခွင့်ရသူဦးရေကတူနေတော့ အနိုင်အရှုံးမဲဟာ
ဆံပင်ညှပ်ဆရာပေါ် မူတည်သွားပါတော့တယ်။ရွာတောင်ပိုင်းနဲ့မြောက်ပိုင်းရဲ့ အားပြိုင်မှုကြားထဲမှာ ဆံပင်ညှပ်ဆရာတစ်ယောက် ဘယ်လိုတွေရင်ဆိုင်တွေ့ကြုံရမလဲဆိုတာကို
ဟာသရော၊ ဒရမ်မာရောပေါင်းစပ်ပြီး ကြည့်ရှုကြရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

0 comments:

Post a Comment