Irul (2021)


 

Rating : 6.0/10
Country : India
Genre : Mystery, Thriller
Cast : Fahadh Faasil, Soubin Shahir, Darshana Rajendran 
Released Date : 2021
Duration : 1h 31min

အညွှန်း
Netflix ကနေတင်ဆက်တဲ့ Mystery Crime Thriller ကားလေးကို တင်ပေးလိုက်ပါတယ်နော်
ဇာတ်ကားနာမည်လေးက Irul ၊ Irul ဆိုတာ ဇာတ်ကားထဲက ဇာတ်ဆောင်အဲလက်စ်ရေးတဲ့ စာအုပ်နာမည်ဖြစ်ပါတယ်
အဲလက်စ်က Crime Thriller စာအုပ်တစ်အုပ်ကို ပထမဆုံးအကြိမ်အဖြစ်ထုတ်ထားတဲ့ အသစ်စက်စက် စာရေးဆရာ‌ပါ ကွင်းစက်လူသတ်သမားအကြောင်းကိုရေးသားထားတဲ့ ဝတ္ထုပေါ့ဒါပေမယ့် သူအဲဒီစာအုပ်ရေးပြီးကတည်းက ညညအိမ်မက်ဆိုးတွေကြောင့် အိပ်မရခဲ့ပါဘူးသူ့ရဲ့ချစ်သူ အာချာနာကတော့ အောင်မြင်တဲ့ရှေ့နေတစ်ယောက်ပါ အာချာနာဟာအောင်မြင်သူပီပီ အရမ်းအလုပ်များတာကြောင့်
ချစ်သူအဲလက်စ်ကိုအချိန်မပေးနိုင်တဲ့အတွက်ကြောင့် ၂ယောက်ကြားကတောက်ကဆလေးတွေရှိနေကြတယ်
ဒါပေမယ့် ဒီတစ်ပတ်ပိတ်ရက်မှာ အာချာနာက အဲလက်စ်အတွက်အချိန်ပေးမယ်လို့ ကတိပေးလိုက်တယ်
အဲလက်စ်က ဖုန်းလုံးဝမယူခဲ့ဖို့တောင်းဆိုတယ် အာချာနာလဲသဘောတူခဲ့ပြီး တူတူခရီးထွက်လာကြတယ်
ဒါပေမယ့်လမ်းမှာကားပျက်ပြီး အိမ်တစ်အိမ်ဆီအကူအညီတောင်းရတော့တယ် ဒါပေမယ်အိမ်ပိုင်ရှင်ကထူးဆန်းနေတယ်
ဘယ်လိုဘယ်ပုံတွေထူးဆန်းနေတာလဲ သူတို့ရဲ့ခရီးကရောပျော်ရွှင်နိုင်ပါ့မလား
အဲလက်စ်ကဘာကြောင့်ဖုန်းတွေထားခဲ့ခိုင်းတာလဲ ခေါင်းအေးအေးနဲ့တွေးရင်းကြည့်ရမယ့်ဇာတ်ကားကောင်းလေးမို့
ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဦးရှင်

0 comments:

Post a Comment