Rating : 6.0/10
Country : India
Genre : Romance, Drama
Released Date : 2021
Duration : 2h 2min
Country : India
Genre : Romance, Drama
Released Date : 2021
Duration : 2h 2min
အညွှန်း
ဒီတစ်ခါကတော့ အိန္ဒိယအချစ်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါ့မယ်။
ကာသီနဲ့ ရီယာတို့က သူငယ်ချင်းဘဝကနေတစ်ဆင့် ချစ်သူတွေဖြစ်လာကြတဲ့စုံတွဲလေးပါ။
သူတို့ ၂ ယောက် ငယ်ငယ်ရွယ်ရွယ်မှာပဲ အချစ်ကို အရူးအမူးကိုးကွယ်ပြီး ခိုးရာလိုက်ပြေးခဲ့ကြပါတယ်။
မိဘတွေကတော့ အပြစ်မြင်တာထက် ကလေးတွေကိုစိတ်ပူပြီး ပြန်တွေ့နိုင်ဖို့ကိုပဲ ကြိုးစားနေကြပါတယ်။ ပြီးတော့ ကလေးတွေခိုးပြေးသွားတာကိုလည်း မိသားစု ၂ စုကလွဲပြီး ဘယ်သူမှမသိအောင် လျှို့ဝှက်ထားခဲ့ကြပါတယ်။အချစ်ရူးလေး ၂ ယောက်လည်း အိမ်ကပါလာတဲ့ငွေတွေနဲ့ မိုးမမြင်လေမမြင်ပျော်နေခဲ့ကြတာပေါ့။
ဒါပေမဲ့ သူတို့က လက်ထပ်ပွဲပြီးမှ အဆင့်ကျော်မယ်လို့ ကတိထားပြီး သန့်ရှင်းစွာပဲနေခဲ့ကြတာပါ။ ၃၊ ၄ ရက်လောက်ကြာတော့
အိမ်ကပါလာတဲ့ပိုက်ဆံတွေလည်းကုန်ရော သူတို့ကြံရာမရဖြစ်၊ ရန်တွေဖြစ်၊ စိတ်ဆိုးပြီးအိမ်ပြန်ရောက်လာကြပါတော့တယ်။
ပြီးတော့လည်း ဘာမှလည်းမဖြစ်ခဲ့ဘူး၊သူတို့အချင်းချင်းလည်း မုန်းတယ်ဆိုလို့ မိဘတွေကလည်း လက်ထပ်ပေးဖို့ကို
အတင်းအကျပ်မစီစဉ်ဘဲ ဒီလိုပဲနေလိုက်ကြတော့တယ်။ အဲ့လိုနဲ့တစ်နေ့မှာ ကာသီနဲ့ရီယာတို့ ၂ ယောက် ကုမ္ပဏီတစ်ခုတည်းမှာ
အလုပ်အတူတူလုပ်ရဖို့ ကြမ္မာဖန်လာတဲ့အခါမှာတော့ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှု့လိုက်ပါဦး။
0 comments:
Post a Comment