To Rome With Love (2012)


 

Rating : 6.3/10
Country : United State
Genre : Comedy, Music, Romance 
Cast : Woody Allen, Penélope Cruz, Jesse Eisenberg
Released Date : 2012
Duration : 1h 52min

အညွှန်း
ဒီရုပ်ရှင်ဟာ သိပ်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တော့ မဟုတ်ပါဘူး။
လှပတဲ့ ဖန်တီးမှုအများစုရဲ့ဖြစ်တတ်တဲ့ မအောင်မြင်ရခြင်းအကြောင်းရင်းကတော့ ဖန်တီးသူဟာ ပရိတ်သတ်ဘက်ကို ငဲ့မကြည့်လို့ပါပဲ။
ပဲ့ကိုင်ရှင် ဝူဒီအယ်လန်က သူရုပ်ရှင်ဟာ ငွေကြေးအရ လူအများစုနှစ်ခြိုက်မှုအရ အနုတ်ပြနေခဲ့ရင် အနုပညာအစစ်တစ်ခု သူလုပ်လိုက်တာပဲလို့ ပြောဖူးပါတယ်။
ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ဇာတ်အိမ်အက်ကြောင်းထပ်ထပ်မထပ်ထပ် သူ့ရုပ်ရှင်ကားတွေမှာ အနုပညာပီသမှုတော့ကိန်းအောင်းနေတယ်။ ဒါက ဝူဒီအယ်လန်ပါပဲ။
To Rome with Loveဟာ ဝူဒီရဲ့ ရောမက ဗိသုကာတွေကို ချစ်စိတ်ကဖြစ်လာတယ်လို့ ကျွန်တော်ထင်တယ်။
ဒါပေမဲ့ သူချစ်တာက ကိုလိုင်ဆီယံလို အပြိုအပျက်တွေကိုတော့မဟုတ်ဘူး။လှပနေဆဲအဆောက်အဦးတွေကိုပေါ့။
ဒီလိုပြောလိုက်လို့ ဒီကားကို သိပ်ခမ်းနားမယ်ထင်ရင်လည်းမှားမယ်။
ဒီရုပ်ရှင်ဟာ တစ်လောကလုံးကို သရော်ထားတဲ့သရော်ရုပ်ရှင်ပါပဲ။ ‌
ဘယ်လောက်ထိသရော်သလဲဆို
စစ္စတင်းဘုရားကျောင်းကမျက်နှာကျက်မှာ မိုက်ကယ်အိန်ဂျလိုဆွဲထားတဲ့ပန်းချီတွေကို
ငြမ်းစင်ပေါ် ပက်လက်အိပ်ပြီးတစ်နေကုန်ဆွဲတယ်လို့လူတစ်ယောက်ကပြောတော့
မိန်းမတစ်ယောက်က သူဆိုလုပ်နိုင်မှာမဟုတ်ဘူး ပြောတယ်။
ဒီမှာ ပခြုပ်သည်မက ကျွန်မတော့ တစ်နေကုန်ပက်လက်အလုပ်လုပ်နိင်တယ်ဆိုပြီး ထပြောတဲ့ အခန်းတောင်ပါပါတယ်။
သောက်တလွဲမီဒီယာတွေ ကဗျာဆရာတိုင်းရဲ့ ကဗျာတစ်ကြောင်းစီကျက်ပြီး အကုန်ဖတ်ဖူးသလိုလုပ်တဲ့ တတ်ယောင်ကားတွေ
တစ်ချို့ကြောင်တိကြောင်တောင် အနုပညာသည်တွေ
လူ့ဘောင်အကန့်အသတ်အောက်က ချစ်ကြပါတယ်ဆိုတဲ့လူတွေအထိကို သရော်ထားတာပါ။
ဝူဒီအယ်လန်ရဲ့ရုပ်ရှင်တွေဟာ ကဗျာဆန်တယ်လို့ ကျွန်တော်ယူဆတယ်။
ဒီလောက်သရော်ထားပေမဲ့ ဒီရုပ်ရှင်ဟာ ကဗျာဆန်တုန်းပါပဲ သရော်ကဗျာဆိုရမယ်။ဒီရုပ်ရှင်ကို ဝေဖန်ရေးသမားအများစုလည်း မကြိုက်ကြပါဘူး။
ရောမမြို့ကြီးမှာဖြစ်နေတဲ့ ဇာတ်လမ်းတွေကိုပြောပြတဲ့ဟန်နဲ့ ဇာတ်ကောင်တွေအများကြီးထည့်ထားပြီး တစ်ချို့ဇာတ်ကောင်တွေအတွက် အချိန်တစ်ရက်တည်းလိုလိုပြပြီး
တစ်ချို့အတွက်က သုံးလေးငါးရက်လောက်လို ဖြစ်နေလို့လည်းပါမယ်ထင်ပါတယ်။
ပြောရရင် Inner Logicတောင်ပျောက်နေပါတယ်။
‌ဒါပေမဲ့ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ တင်ဆက်ပြသမှု အပိုင်းမှာ ရိုးသားနေတာလို့ ယူဆတယ်။
တစ်ခုတော့ရှိတာက မိုက်ကယ်အိန်ဂျလိုတို့
ဆစ်ဂမန်ဖရွိုက်တို့လို နာမည်ကျော်တွေကို မကြားဖူးရင်ဖြစ်ဖြစ် (အများစုတော့ ကောင်းကောင်းသိကြမှာပါ)
သရော်တာတွေကို သိပ်နားမလည်တတ်ရင်ဖြစ်ဖြစ်
ဒီရုပ်ရှင်ဟာ ရွေးချယ်သင့်တဲ့ကားမဟုတ်ပါဘူး။
မီဒီယာတွေ Artဆိုတဲ့စကားလုံးအောက်က သောက်တလွဲတွေကို ‌သရော်ထားတာကို
ကြည့်ချင်တယ်ဆိုရင်တော့ အကောင်းဆုံးရွေးချယ်စရာပါပဲ။နိဂုံးချုပ်ပြောရရင် သရော်စာဆန်တဲ့ဒီရုပ်ရှင်ရဲ့
ပြကွက်တွေမှာ ချစ်ခြင်းတရားကိုပါ သူအလွတ်မပေးခဲ့ပေမယ့်။သူလည်းလူပါပဲ
သူပြောဖူးပါတယ် ” ကဗျာဆရာတွေ
မှန်ကောင်းမှန်နိုင်ပါတယ်။အချစ်ဟာ
တစ်ခုတည်းသောအဖြေ
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”။
ဒီရုပ်ရှင်မှာ ခင်ဗျား မယုံကြည်မှုတစ်ခုခံစားရရင်
Everyone says I love u ၊ A Rainy Day in New York နဲ့ Midnight in Paris ကို ကြည့်ကြည့်ဖို့ ကျွန်တော်တိုက်တွန်းချင်တယ်။

0 comments:

Post a Comment