Three Christs (2017)


 

Rating : 6.0/10
Country : United State
Genre : Drama
Cast : Richard Gere, Peter Dinklage, Bradley Whitford
Released Date : 2017
Duration : 1h 49min

အညွှန်း
Three Christ ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားတင်ဆက်ပေးချင်ပါတယ်။
ပစ်တာခတ်တာတွေ ကြမ်းတာရမ်းတာတွေ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။စိတ်ပညာရပ်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကိုအခြေခံထားတဲ့ ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မီချီဂမ် ကောလိပ်မှာ ဆရာလုပ်နေတဲ့ စိတ်ရောဂါဆရာဝန် ဒေါက်တာစတုန်းဟာ သုတေသနကိစ္စအတွက် ကျောင်းဆရာအလုပ်ကနေထွက်ပြီး စိတ်ရောဂါကု ဆေးရုံကိုရောက်လာပါတယ်။သူရောက်လာတဲ့ ဆေးရုံမှာ သူ့ကိုယ်သူ ယေရှုခရစ်တော်လို့ထင်နေတဲ့ လူနာတစ်ယောက်နဲ့ တွေ့ပါတယ်။ ဆက်ပြီး စုံစမ်းကြည့်တော့ စင်ဒရဲလားလို့ ထင်နေတဲ့သူတွေ အိုင်စင်ဟောင်ဝါလို့ သူတို့ကိုယ်သူတို့ ထင်နေသူတွေကို တွေ့ခဲ့ရတယ်။ အဲ့ဒီထဲကမှာ ယေရှူလို့ထင်နေတဲ့သူတွေကိုရှာခိုင်းလိုက်တော့နောက်ထပ် ၂ ယောက် ထပ်တိုးလာပါတယ်။ ယေရှုလို့ သူတို့ကိုယ်သူတို့ထင်နေတဲ့ စိတ်ကစဉ့်ကလျား ရောဂါသည်၃ ယောက်ကို သုတေသနအတွက်ရွေးချယ်ပြီး ဒေါက်တာစတုန်းဟာ ရှေးနည်းနဲ့မတူတဲ့ ကုသချဉ်းကပ်နည်းတွေနဲ့ကုသပေးဖို့ကြိုးစားပါတော့တယ်။IMDb – 5.9/10 ရရှိထားပြီး Richard Gere , Walton Goggins, Peter Dinklage, Bradley Whitford တို့ အဓိကပါဝင်
သရုပ်ဆောင်ထားပါတယ်။

0 comments:

Post a Comment