The Surrogate (2020)


 

Rating : 5.9/10
Country : United State
Genre : Drama
Cast : Jasmine Batchelor, Chris Perfetti, Sullivan Jones
Released Date : 2020
Duration : 1h 33min

အညွှန်း
ဂျက်စ်ဆိုတဲ့ကောင်မလေးတစ်ယောက်က NGOတစ်ခုမှာ အလုပ်လုပ်နေပြီး တစ်နေ့ကျတော့
သူ့အချစ်ဆုံးသူငယ်ချင်း၂ယောက်အတွက် အငှားကိုယ်ဝန်ဆောင်ပေးဖြစ်သွားပါတယ်……
နောက်ပိုင်း ဆေးစစ်ကြည့်တဲ့အခါမှာတော့ ဗိုက်ထဲကကလေးလေးမှာ မွေးရာပါ ရောဂါရှိနေနိုင်တာသိလိုက်ရတဲ့အချိန် သူ့သူငယ်ချင်း၂ယောက်က မမွေးဖို့ဆုံးဖြတ်လိုက်ပြီး ဂျက်စ်ကို ကိုယ်ဝန်ဖျက်ချဖို့ပြောပါတော့တယ်…… အဲ့ဒီအချိန် ဂျက်စ်အနေနဲ့ ဘယ်လိုတုန့်ပြန်အဖြေပေးမလဲ…..သူကိုယ်တိုင်ကကောအဲ့ကလေးကို လိုချင်ရဲ့လား….. အဲ့ကလေးကိုကောမွေးဖြစ်မှာလား…..ပတ်ဝန်းကျင်ကကော ဘယ်လိုဖိအားပေးကြလဲ…… အစရှိတဲ့ မေးခွန်းတွေရဲ့အဖြေကိုတော့ ဒီဇာတ်ကားလေးကိုကြည့်ပြီးအဖြေရှာလိုက်ရအောင်…. ဒီဇာတ်ကားလေးက မိမိတို့နေထိုင်ရာပတ်ဝန်းကျင်မှာ ကြုံနေကျအရာတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ၊ ဖိအားပေးခံရတာတွေ၊ အမြင်မတူမှုတွေကို အကောင်းဆုံးမီးမောင်းထိုးပြထားပြီး မိခင်မေတ္တာကို အကောင်းဆုံးဖော်ကျူးထားတဲ့ ကားလေးတစ်ကားဖြစ်တဲ့အတွက် ကြည့်သင့်သော ရုပ်ရှင်ကားတွေထဲမှ တစ်ကားဖြစ်ပါတယ်……….

0 comments:

Post a Comment