Coffee or Tea? (2020)


 

Rating : 6.2/10
Country : China
Genre : Drama
Cast : Haoran Liu, Yuchang Peng, Fang Yin
Released Date : 2020
Duration : 1h 37min

အညွှန်း
Entrepreneur ကိုမစိမ်းကြပေမယ့် social entrepreneur ကို စိမ်းနေကြတဲ့သူတွေလေ့လာလချင်သူတွေ မဖြစ်မနေကြည့်သင့်တဲ့ကားလေးနော်ဇာတ်ကားလေးက ကောင်လေး၃ ယောက်ကို အခြေခံရိုက်ကူးထားတာပါတစ်ယောက်က ငယ်စဉ်တည်းက ငွေမက်ပြီး ရောင်းလို့ရသမျှအကုန်ရောင်းပြီး စီးပွါးရေးတွေလုပ်လာခဲ့သူပေါ့… ဒါပေမယ့် သူလုပ်ငန်းတိုင်းကြာရှည်မမြဲခဲ့ပါဘူး
ဒီလိုမမြဲလို့လည်း သူအိပ်မပျော်တဲ့ရောဂါဖြစ်ပြီး နောက်ဆုံး စိတ်ရောဂါဆရာဝန်နဲ့ ဆွေးနွေးမှု ခံယူနေရတယ်…

နောက်တစ်ယောက်က ရွာကနေ မြို့တက်ပြီး ပါဆယ်လိုက်ပို့သူ delivery manအလုပ်ကို ဂုဏ်ယူစွာ လုပ်နေသူတစ်ယောက်။ သူက တစ်နေ့မှာ ရုတ်တရက်ကြီးအလုပ်ကထွက်လိုက်တယ်။ အကြောင်းကတော့ သူ့ရွာလေးကိုပြောင်းလဲပေးချင်လို့ သူရွာပြန်ပြီး ပါဆယ်ပို့လုပ်ငန်းလုပ်မယ်လို့ ရည်ရွယ်ပြီး ရွာပြန်လာသူပေါ့…ဒီလိုပဲ မြို့ကနေ ရွာပြန်လာသူတစ်ယောက်ရှိသေးတယ်။သူကကြတော့မိရိုးဖလာလက်ဖက်လုပ်ငန်းကို ဆန့်ကျင်ပြီးကော်ဖီလုပ်ငန်းလုပ်ချင်စိတ်ပြင်းပြနေသူပေါ့… ဒါပေမယ့် ကော်ဖီစိုက် ကော်ဖီကျိတ်ကော်ဖီနှပ်ချင်ပေမယ့် စီးပွါးဖြစ်လုပ်ဖို့ စိတ်ကူးမရှိသူတစ်ယောက်ပါ။ဒီလို ၃ ယောက် ပေါင်းစည်းပြီး ဘယ်လိုတွေ society ကိုအကျိုးပြုအောင်စွန့်ဦးတီထွင်လမ်းဖောက်တယ်ဆိုတာ သေချာလေ့လာရင် လေ့လာသလို ပညာရတဲ့ဇာတ်ကားလေးပါ…အားလုံး အိပ်ပျော်သောညများပိုင်ဆိုင်နိုင်ကြပါစေ

0 comments:

Post a Comment