The Sweet Hereafter (1997)


Rating : 7.5/10
Country : United State
Genre :  Drama
Cast :  Ian Holm, Sarah Polley, Caerthan Banks
Released Date : 1997
Duration : 1h 52min 


 
အညွှန်း
အညိုမွဲရောင်မြူနှင်းများက ပတ်ဝန်းကျင်မှာပြည့်လို့နေတယ်။ ခြေဖဝါးများမှာလည်း မြေကြီးပေါ်က နှင်းအစိုင်အခဲများကြားမှာ နစ်မြုပ်နေခဲ့တယ်။ တောင်းစောင်းကလေးက ဒီမြို့ကလေးဟာ နေချင်စဖွယ်မြို့ကလေးဖြစ်တယ်။
တိတိကျကျပြောရရင် ကနေဒါနိုင်ငံက ဒီမြို့ကလေးဟာ စိတ်ရောကိုယ်ပါအေးချမ်းမှုအတိနဲ့ ဖန်တီးထားတဲ့မြို့ကလေးဆိုလည်းမမှားဘူး။ ဒီမြို့ကလေးဆီကို ဟိုးတစ်နေရာက ကံကြမ္မာဆိုးကြီးဟာ တအိအိနဲ့လာနေခဲ့ပြီဆိုတာ ဘယ်သူသိနိုင်မှာလဲ။အဲ့ဒိနေ့မနက်က ကျောင်းကားအဝါရောင်ကြီး အဝေးကိုထွက်သွားတော့ ကားပေါ်မှာ မိဘတွေကိုထာဝရထားရစ်ခဲ့မယ့် ကလေးတွေပါသွားခဲ့တယ်။ မိဘတွေဟာ လက်ပြနေဆဲမှာပဲ ကလေးတွေကို ထာဝရဆုံးရှုံးရမယ်ဆိုတဲ့အသိဟာ ဝင်လာကောင်းဝင်လာနိုင်ပါရဲ့။အကြောင်းကတော့ ဒီမြို့ကလေးရဲ့ ကလေးတွေစီးလာတဲ့ကျောင်းကားအဝါရောင်ကြီး ယာဉ်တိုက်မှုဖြစ်ပါတော့တယ်။ ဒီယာဉ်တိုက်မှုမှာ ကလေး ၁၄တိတိပွဲချင်းပြီးသေဆုံးသွားတယ်။ ကံကောင်းစွာနဲ့လား ကံဆိုးစွာနဲ့လားလို့ပြောရမလဲမသိ ဒါပေမယ့် ဆာရာဆိုတဲ့ကောင်မလေးကတော့ အသက်ရှင်သွားတယ်ပေါ့။ဒီကိစ္စဖြစ်တဲ့သတင်းတွေထွက်ပြီးတဲ့အခါမှာ စတီဗင်ဆိုတဲ့ ရှေ့နေ့ကြီးဟာ ဒီမြို့ကိုရောက်လာပါတော့တယ်။ သူရောက်လာတဲ့အကြောင်းပြချက်ကတော့ သေဆုံးသွားတဲ့ကလေးတွေရဲ့မိဘဖက်ကနေပြီး အစိုးရနဲ့ပြိုင်တဲ့အမှုလိုက်ပေးဖို့။ ဒါပေမယ့် စတီဗင်ကြောင့်ဖြစ်ရပ်တွေဟာ ကောင်းမလာတာမျိုးတွေ သီးခြားဖြစ်ရပ်ဆိုးတွေနဲ့ကြုံလာတဲ့အခါမှာတော့ …… ။
 ဇာတ်လမ်းရဲ့အစဟာ ဒီယာဉ်တိုက်မှုနဲ့စတယ်။ ဒီရုပ်ရှင်ဟာ သာမန်ဟောလိဝုဒ်ဇာတ်ကားတစ်ကားလိုပဲ စဖွင့်တယ်။ ကံကြမ္မာဆိုးတစ်ခုနဲ့စဖွင့်တယ်။ ဒါပေမယ့် ဒီကားတိုက်မှုကြီးအပြီးမှာ The Sweet hereafterဟာ ပုံမှန်ရုပ်ရှင်တွေနဲ့လားလားမှ မဆိုင်တော့ဘူး။ ရောက်လာတဲ့ရှေ့နေဟာ ပြည်သူဖက်ကနေ အစိုးရကိုတိုက်မယ့်ရှေ့နေမဟုတ်ဘူး။ ဇာတ်လမ်းဟာ တရားရေးရာစနစ်ကိုပြမှာမဟုတ်ဘူး။တစ်ဖက်မှာ တစ်ဦးတည်းကျန်တဲ့ ဆာရာဆိုတဲ့ကောင်မလေး။ သူငယ်ချင်းတွေအားလုံးသေပြီး သူတစ်ယောက်တည်းအသက်ရှင်တဲ့အခါ ဒီကောင်မလေးရဲ့ ရှင်သန်ခြင်းဟာ အဓိပ္ပါယ်မဲ့တယ်လို့စိတ်ဝင်သွားတဲ့ကောင်မလေး။
နောက်ပြီး ကလေးတစ်ယောက်ဆုံးရှုံးတဲ့အတွက် တန်ရာတန်ကြေးဆိုတာရှိရဲ့လား ? တရားမျှတမှုဆိုတာကြီးရတော့ရော ကလေးလေးတွေဟာ အသက်ပြန်ရှင်လာမှာမှ မဟုတ်တာ။ ဒီတော့ ကလေး ၁၄ ယောက် သေဆုံးမှုရဲ့ ချိန်ခွင်တစ်ဖက်မှာ ညီမျှချက်မရှိဘူး။ ဘယ်အရာကမှ ဒီမြို့ကလေးရဲ့မိဘတွေကိုပြန်ပြီး အစားထိုးပေးနိုင်မယ်မထင်ဘူး။ လမ်းမပေါ်က ပျောက်ဆုံးသွားတဲ့ရယ်သံတွေကို ဘယ်တရားရေးစနစ်ကမှ မျှတမှုရယူပေးနိုင်မယ်မထင်ဘူး။The Sweet Hereafterဟာ နောင်တတွေ နောက်ပြန်ဆုတ်ခွင့်မရခြင်းတွေ အသက်ရှင်မိကာမှ အပြစ်မကင်းခြင်းတွေကို ဆုံးရှုံးမှုတွေ … အစရှိတာတွေကို မြို့ကလေးကိုရောက်လာတဲ့ စတီဗင်ဆိုတဲ့ရှေ့နေ့ကြီးကို ဗဟိုတည်ပြီး အကောင်းဆုံးရိုက်ပြထားပြီး သာမန်နဲ့လုံးဝကွဲထွက်တဲ့ ရုပ်ရှင်တစ်ကားဖြစ်လိမ့်မယ်။IMDB Rating ကတော့ 7.6 ဖြစ်ပြီးတော့ Rotten Tomato Rating ကတော့ 100% ရရှိထားပါတယ်။


 

0 comments:

Post a Comment