The Standoff at Sparrow Creek (2018)




Rating : 6.9/10
Country : United State
Genre :  Biography, Drama
Cast :   Jack O'Connell, Laura Dern, Emily Meade
Released Date : 2018
Duration : 1h 7min 


အညွှန်း

ဒီကားဟာ ratingတွေလည်းကောင်းပြီး တော်တော်လည်းကြည့်လို့ကောင်းတဲ့Biographical dramaကားတစ်ကားဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့ ဖယ်ဒရယ်စနစ်ကျင့်သုံးနေတဲ့တက်ဆက်ပြည်နယ်ရဲ့ ဥပဒေဟာအရမ်းကိုပြင်းထန်ခဲ့ပြီးလူပေါင်းများစွာကိုသေဒဏ်စီရင်ချက်ချခဲ့ပါတယ်။

ဒီဇာတ်ကားဟာ၁၉၉၁ဖြစ်ပွားခဲ့တဲ့အမူအပေါ်ရေးသားထားတဲ့စာအုပ်ကိုမှီးငြိမ်းရိုက်ကူးထားတာပါ။ပညာလည်းသိပ်မတတ်တဲ့ ခပ်ဆိုးဆိုးပေတေတေ အလုပ်လက်မဲ့လူတစ်ယောက်ရဲ့အိမ်ဟာသူ့မိန်းမမရှိတဲ့အချိန်မှာ မီးလောင်ခဲ့ပါတယ်။မီးလောင်မှုမှာသူတစ်ယောက်ပဲလွတ်ခဲ့ပြီးသမီးငယ်လေး၃ယောက်လုံးမီးထဲပါသွားခဲ့ပါတယ်။သူကတော့မီးရှို့လူသတ်မှုနဲ့သေဒဏ်ကျခံခဲ့ရပါတယ်။ထောင်ထဲမှာနှစ်ရှည်လများနေရပြီးနောက် သူအပြစ်မဲ့တာကိုယုံကြည်တဲ့အမျိုးသမီးတစ်ယောက်က သူလွတ်မြောက်ဖို့ကူညီပါတယ်။ဒီကားမှာမိန်းမကိုရိုက်နှိက်ခဲ့တဲ့ခပ်ဆိုးဆိုးလူပေတစ်ယောက်ဟာတကယ်ပဲကလေးတွေကိုမီးရှို့သတ်ခဲ့တာလား၊လွတ်မြောက်ဖို့မျှော်လင့်ချက်တွေထားရင်းတကယ်ပဲသေဒဏ်မှလွတ်မြောက်မှာလားဆိုတာရယ်ဥပဒေလုပ်ထုံးလုပ်နည်းတွေကရောတကယ်ပဲမျှတရဲ့လား၊အဆိုးရွားဆုံးပြစ်မှုကျ ူးလွန်တဲ့သူတွေကရောလူသားတွေဖြစ်တဲ့အတွက်သေဒဏ်ပေးသင့်လား၊အပြင်လောကမှာရောမှားယွင်းပြီးသေဒဏ်ပေးခံရတဲ့လူဘယ်လောက်များရှိနေမလဲဆိုတာတွေကိုဖော်ပြရိုက်ကူးထားတဲ့ တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ကြည့်သင့်တဲ့ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။IMDb rating 6.3 Rotten Tomatoesမှာ 61%နှင့်တခြားဝေဖန်မှုကောင်းတွေလည်းရထားပြီးနာမည်ကြီးမင်းသမီးကြီး Laura Dernလည်းပါဝင်ထားပါတယ်။


 

0 comments:

Post a Comment