The Green Hornet (2011)


Rating : 5.8/10
Country : United State
Genre :   Action, Comedy, Crime
Cast :  Seth Rogen, Jay Chou, Christoph Waltz 
Released Date : 2011
Duration : 1h 59min 


အညွှန်း
လော့အိန်ဂျလိစ်မြို့မှ အကြီးဆုံး သတင်းစာတိုက် ပိုင်ရှင်၏ အမွေဆက်ခံသူ သားဖြစ်သည့် Britt Reid (Seth Rogein )သည် ငွေကြေး ချမ်းသာသော်လည်း ဆိုးသွမ်း ပျက်စီးနေကာ ဦးတည်ချက် မရှိသည့် ဘဝတွင် ပျော်မွေ့လျက်ရှိသည်။ ထိုအချိန်တွင် ဖခင်ဖြစ်သူ James Reid ( Tom Wilkinson ) ကွယ်လွန်သွားပြီး Britt သည် ကုမ္ပဏီမှ အစွမ်းအစရှိသော ဝန်ထမ်း Kato ( Jay Chou ) နှင့် တွေ့ရလေသည်။ ထို့နောက် Britt နှင့် Kato တို့(၂)ဦးသည် မိမိတို့တွင် ကိုယ်ပိုင်ဘဝနှင့် ထိုက်တန် လျော်ညီသော အရာများ ဖန်တီးလုပ်ဆောင်ရန် အစွမ်းအစ ရှိသည်ကို နားလည် သဘောပေါက်သွားပြီး ဖခင်ဖြစ်သူ James Reid ၏ လွှမ်းမိုးနေသော အရိပ် အောက်မှ ထွက်လိုက်လေသည်။ Kato သည် အစွမ်းထက်လှသော လက်နက် တစ်မျိုး တီထွင် ကာ The Black Berry အမည်ရ အခြားသူတို့ဖျက်ဆီးရန် မလွယ်ကူသော ကားပေါ်တွင် စိတ်ကြိုက် လက်နက်မျိုးစုံ ထည့်သွင်း ထားသည်။ Britt သည်လည်း ၄င်းတို့အနေဖြင့် သူရဲကောင်း များဖြစ်လာရန် ဆုံးဖြတ်ထားသည်။ ထို့နောက် တွင် Britt ၏ အတွင်းရေးမှူးသစ် Lenore Case ( Cameron Diaz ) ၏ အကူအညီဖြင့် မြို့ကို လွှမ်းမိုးထား သည့် လူဆိုး ဂိုဏ်ပေါင်းစုံ စုစည်းထားနိုင်သော အဓိက ရာဇဝတ်ကောင် Benjamin Chudnofsky ( Christoph Waltz ) တို့အား ရင်ဆိုင်တိုက်ခိုက်ကြပုံကို ရိုက်ကူးထားသော အက်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါသည်။

အကြမ်အရမ်းတွေ ဂျိမ်းဘွန်းနည်းပညာတွေ နဲ့ ခပ်ဆန်းဆန်း ရိုက်ထားတဲ့အက်ရှင်ကား ကောင်းတစ်ကား ပါ ၊ ဟာသတွေနဲ့ သုံးထားတဲ့ လက်နက်တွေ မူဗီ Effect တွေကြောင့် ကြည့်လို့ကောင်းတဲ့ကားတစ်ကား ဆိုတာ သေချာပါတယ် 


 

0 comments:

Post a Comment