Rating : 7.5/10
Country : United State
Genre : Biography, Drama
Cast : Cliff Curtis, James Rolleston, Kirk Torrance
Released Date : 2014
Duration : 2h 4min
Country : United State
Genre : Biography, Drama
Cast : Cliff Curtis, James Rolleston, Kirk Torrance
Released Date : 2014
Duration : 2h 4min
အညွှန်း
ဒီဇာတ်ကားလေးကတော့ တစ်ချိန်တုန်းက စစ်တုရင်ချန်ပီယံတစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ စိတ်ဝေဒနါကို ခံစားနေရတဲ့ ဂျန်နက်စစ်ဆိုတဲ့သူအကြောင်းကို ရိုက်ပြထားတာပါ။ ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဂျန်ဟာ စိတ်ကျန်းမာရေးဆေးရုံမှာ အချိန်အတော်ကြာနေပြီး အခြေအနေပြန်တည်ငြိမ်လာတော့ ပြန်ထွက်လာခွင့်ရပြီး သူ့အစ်ကိုနဲ့အတူနေထိုင်ခဲ့ပါတယ်။ သူ့အစ်ကိုမှာ မာနာဆိုတဲ့ ဆယ်ကျော်သက်အရွယ် သားလေးတစ်ယောက်လည်းရှိပါတယ်။ဂျန်ဟာ ရပ်ကွက်ထဲက ကလေးတွေရဲ့စုစည်းရာ စစ်တုရင်အဖွဲ့လေးကို မျက်စိကျသွားပြီး ကလေးတွေကို နိုင်ငံအဆင့်ပြိုင်ပွဲဝင်နိုင်အောင် ကူညီလေ့ကျင့်ပေးဖို့ ကြိုးစားပါတော့တယ်။ မာနာကလည်း စစ်တုရင်မှာ ဝါသနာပါပေမဲ့ သူ့အဖေကတော့ စစ်တုရင်ကစားတာကိုမကြိုက်ဘဲ သူတို့လူဆိုးဂိုဏ်းထဲကိုပဲ အတင်းဝင်စေပြီး ဂျန်ကိုလည်း အိမ်ကနေမောင်းထုတ်လိုက်ပါတော့တယ်။စိတ်ဖိစီးမှု လုံးဝခံလို့မရတဲ့ စိတ်ဝေဒနါရှင် ဂျန်တစ်ယောက် သူ့ကိုအားကိုးနေတဲ့ ကလေးတွေကို နိုင်ငံအဆင့်ချန်ပီယံပြိုင်ပွဲကြီးရောက်အောင် ကူညီပေးနိုင်ပါ့မလား…
မာနာကို အဖွဲ့ထဲမှာဆက်ပါနိုင်ရော သူကြိုးစားနိုင်မလား…
ဒါမှမဟုတ် စိတ်ကျန်းမာရေးဆေးရုံကိုပဲ ပြန်ရောက်သွားပြီး အားလုံးလက်လျှော့လိုက်ရမလား…
ဆိုတာတွေကို ခံစားကြည့်ရှုရမှာပါ။

0 comments:
Post a Comment