Mank (2020)


 

Rating : 7.7/10
Country : United State
Genre : Biography, Comedy, Drama
Cast : Gary Oldman, Amanda Seyfried, Lily Collins 
Released Date : 2020
Duration : 2h 11min

အညွှန်း
ဇာတ်လမ်းတစ်ပုဒ်ဆိုတာ ဇာတ်ညွှန်းရေးဆရာရဲ့ ကြိုးဆွဲရာကရတာပါပဲ။ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အနှစ်သာရဟာ ဇာတ်ညွှန်းဆရာတစ်ယောက်ရဲ့ သွေးချွေးတွေရင်းနှီးပြီး ဖြစ်တည်လာရတာပါ။ ဒီဇာတ်ကားမှာတော့ အပြင်မှာလည်း တကယ်ရှိခဲ့တဲ့ Herman J Mankiewicz ဆိုတဲ့ ဇာတ်ညွှန်းဆရာတစ်ယောက်က သူ့ရဲ့အကျော်ကြားဆုံး ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ ဂန္တဝင်မြောက်လက်ရာဖြစ်တဲ့ Citizen Kane ကိုရေးသားတဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတာပါ။

ဒီ Citizen Kane ဟာဆိုရင် သူ့ခေတ်သူ့အခါမှာ နာမည်ကြီးဇာတ်လမ်းဖြစ်ခဲ့တဲ့အပြင် ကျောင်းသုံးစာအုပ်အနေနဲ့တောင် ပြန်သင်ရတဲ့အထိ ဂန္တဝင်တွင်ခဲ့တာပါ မတော်တဆမှုဖြစ်ပြီး ခြေထောက်ကျိုးသွားတဲ့ မန့်ခ်ကို အော်ဆန်ကမြို့တစ်မြို့မှာ လျှို့ဝှက်ထားပြီး ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးရေးသားစေပါတယ်။ ဇာတ်လမ်းဖန်တီးဖို့ ရက် ၉၀ ပေးထားပေမယ့် အလောကြီးတဲ့အော်ဆန်ကတော့ ရက် ၆၀ အတွင်း အပြီးသတ်ဖို့ပြောပါတယ်။

တစ်ချိန်က ထုတ်လုပ်သူတိုင်းရဲ့အပယ်ခံမန့်ခ်ဟာ ယခုအချိန်မှာတော့ ဇာတ်ညွှန်းရေးတဲ့နေရာမှာ သူမတူတဲ့ပါရမီရှင်တစ်ယောက်ဖြစ်တာမို့ ရှိတ်စပီးယားလို့တောင် တင်စားခံနေရတာပေါ့။ ဒါပေမဲ့ရှိတ်စပီးယားလိုပဲ ဉာဏ်ကွန့်ရတာကိုသဘောကျတဲ့ စာရေးဆရာမန့်ခ်တစ်ယောက် အချိန် သုံးပုံတစ်ပုံတစ်ပုံလျော့သွားတဲ့ ရက် ၆၀ အတွင်း ပြီးစီးအောင် ရေးနိုင်ပါ့မလား။ သူ့ရဲ့ခက်ခဲတဲ့အပယ်ခံဘဝအချိန်တွေကိုရော ဘယ်လိုဖြတ်သန်းခဲ့ရလဲ။

နာမည်ကျော်ဇာတ်ညွှန်းဆရာဟဲရက်စ်နဲ့ဆုံတွေ့ပြီးနောက် သူ့ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲဆိုတာကိုတော့ Imdb 7.9 အထိရရှိထားတဲ့ ဒီရုပ်ရှင်ကားလေးမှာ ၁၉၃၀ ခုနှစ်က ဟောလိဝုဒ်အကြောင်းကို တစေ့တစောင်းရိုက်ပြထားတဲ့အတွက် ရုပ်ရှင်ရဲ့သမိုင်းကြောင်းကို သိချင်သူတွေအတွက် ကြည့်သင့်တဲ့ရုပ်ရှင်ဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။

0 comments:

Post a Comment