Rating : 6.4/10
Country : United State
Genre : Action, Comedy, Sport
Cast : Kevin James, Salma Hayek, Henry Winkler
Released Date : 2012
Duration : 1h 45min
အညွှန်း
ဒီကားကတော့ ကျောင်းမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿ နာတစ်ခုကိုတင်ဆက်ဖော်ပြထားတာပါ ။
စစချင်းမှာကျောင်းဆရာဆိုတဲ့ စကော့ ဗေ့စ် က ခဏခဏနောက်ကျတယ် ၊ စာကောင်းကောင်းမသင်ပေးဘူး ၊
ကျောင်းအုပ်ဆရာကြီးနဲ့လဲထိပ်တိုက်ရင်ဆိုင်ရဲတယ် ။ တစ်နေ့မှာကျောင်းရန်ပုံငွေမလောက်ဆိုပြီး မလိုတဲ့အတန်းတွေကို
ဖြုတ်ချမယ်လို့ပြောတော့ သူကဝင်တားတယ် ။ အဲ့ကျောင်းမှာသူနာပြု ဆရာမ ဘဲလ်လာကိုအဲ့ဆရာက ကြိုက်နေတာ ။
ဒီလိုနဲ့ဂီတအတန်းကိုဖြုတ်မယ်လဲဆိုရင် ၂ ယောက်လုံးကဝင်ပြောပေးပြီး တတ်နိုင်သလောက်ကူညီပေးတာပေါ့ ။
စကော့ကတော့အဓိကကူညီပေးတာပေါ့ ဘာလို့လဲဆိုတော့ အဲ့ဂီတဆရာ မာတီ ကသူလေးစားရတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လို့ပါ။
အဲ့ရန်ပုံငွေရအောင်သူတို့ဘယ်လိုတွေကြိုးစားခဲ့ရလဲ ၊ ကူညီပေးမဲ့လူတွေရောရှိလာပါ့မလား ကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါနော် ။
ဒီကားလေးထဲမှာနပန်းသတ်တဲ့အကြောင်းအရာတွေပါပေမဲ့အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ် ။ ရီလဲရီရတယ် ။
သူတို့အားလုံးရဲ့စည်းလုံးမှုတွေကြောင့်လူတိုင်းနောက်ဆုံးမှာမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာခဲ့ ကြတယ် ။
ဒီကားဟာဆိုရင် ပညာသားအရမ်းပါပီးတော့ကြည့်လို့တကယ်ကောင်းပါတယ်။

0 comments:
Post a Comment