Again (2020)


 

Rating : 6.0/10
Country : Korea
Genre : Drama
Released Date : 2020
Duration : 1h 48min

အညွှန်း
ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေဖြစ်ပြီး လုပ်ချင်တာတွေလုပ်ပြီး နေခဲ့ရရဲ့လား..
ဒါမှမဟုတ် သူများအတွက်ပဲ ကိုယ်ကနေထိုင်နေခဲ့ရတာလား..
ဘဝရဲ့အဓိပ္ပါယ်ကို ဒီ again ဆိုတဲ့ကားလေးကဖော်ကျူးထားပါတယ်..ဇာတ်လမ်းအကျဉ်းက
ယွန်းဂျူဆိုတဲ့ကောင်မလေး ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့ ကြိုးစားနေသူတစ်ယောက် ဖြစ်ပြီး
အိမ်မှာဆို ဂျစ်ကန်ကန် မိုက်ကန်းကန်းနေတတ်သူပါ။သူတို့အိမ်က ပဲပင်ပေါက်ထမင်းဆိုင် ဖွင့်ထားဖြစ်ပေမယ့်
ယွန်းဂျူကတော့ အိမ်ရဲ့စီးပွားရေးထက် သူဖြစ်ချင်တာကိုပဲ ဦးစားပေးတတ်တဲ့သူပါ။
သူမှာညီမတယောက်လည်းရှိပြီး သူညီမကတော့သူနဲ့မတူပဲ လိမ်မာပါတယ်။
သူအမေဖြစ်သူကတော့ သူတို့မမွေးခင်ထဲက အဲ့ဒီထမင်းဆိုင်ကို ဦးစီးခဲ့ရတာဖြစ်ပြီး
နားရက်တစ်ရက်တောင်မယူပဲ နေ့မအားညမနား
မိသားစုအတွက် သားသမီးတွေအတွက်ရှင်သန်နေတဲ့ အမေတစ်ယောက်ဖြစ်ပါတယ်။ဘဝကိုပေါ့ပေါ့လေးဖြတ်သန်းနေတဲ့ ယွန်းဂျူကတော့
အိမ်အလုပ်လဲကူမလုပ် အလုပ်အတည်တကျလဲမရှိသလို
သူမအိမ်မက်ဖြစ်မြောက်ဖို့ကိုပဲ ခေါင်းမာမာနဲ့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။
တရက် သူတို့မိသားစုထဲကို ကြမ္မာဆိုးတစ်ခုဝင်ရောက်လာတဲ့အခါ ဘာဆက်ဖြစ်မလဲ။
ခေါင်းမာတဲ့ယွန်းဂျူကော အသိတရားရသွားမလား။
သူမအိမ်မက်ဖြစ်တဲ့ ရုပ်ရှင် ဒါရိုက်တာဖြစ်ဖို့ကရော အကောင်အထည်ပေါ်သွားမှာလားဆိုတာကတော့
ရုပ်ရှင်ကိုကြည့်မှအဖြေပေါ်မှာပါ။

0 comments:

Post a Comment