Vodka Diaries (2018)



Rating : 5.6/10
Country : India 
Genre :   Mystery, Thriller 
Cast :   Kay Kay Menon, Raima Sen, Mandira Bedi
Released Date : 2018
Duration :  2h 

အညွှန်း

ဒီဇာတ်လမ်းလေးက စိတ်ဝင်စားစရာဇာတ်လမ်းပါပဲလို့ ပြောပါရစေ။အာရွှင်နီဆိုတဲ့ အေစီပီတစ်ယောက်ရယ်၊ ကဗျာဆရာမဇနီးရယ်၊ လူသတ်မှုတွေရယ်နဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ပြထားပါတယ်။အေစီပီရဲ့ ဇနီးဟာ နူးညံ့တဲ့ အနုပညာကို ဝါသနာကြီးပြီး လင့်အပေါ် ဖျစ်ညှစ်ပြီး နားလည်ပေးနေရသူပါ။ဇာတ်လမ်းအစမှာ အေစီပီဟာ အပန်းဖြေခရီးတစ်ခုကို ကဗျာကြိုက်တဲ့ ဇနီးနဲ့ အတူ ထွက်လာခဲ့ပါတယ်။မကြာမီမှာပဲ အေစီပီဟာ လူသတ်မှုတစ်ခုကို ကိုင်တွယ်ခဲ့ရတယ်။

အဲ့ဒီအမှုကို လိုက်ရင်း လူသတ်မှု သုံးခု ဆက်တုက် ဖြစ်ပွားခဲ့တယ်။အေစီပီအာရွှင်နီလည်း ဒီအမှုတွေကို ကိုင်တွယ်ရင်း လူသတ်မှုတွေကို ကြိုးကိုင်သူဆီက ဖုန်းခေါ်ဆိုမှု တစ်ခု ရရှိခဲ့ပါတယ်။၄င်းဟာ အမျိုးသမီးတစ်ဦး ဖြစ်ပြီး အေစီပီရဲ့ ဇနီးကိုလည်း ပြန်ပေးဆွဲခေါ်ယူသွားပြီဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ဒီလိုနဲ့ အေစီပီဟာ ဇနီးကိုဖမ်းခေါ်သွားတဲ့ လူသတ်မှုတွေရဲ့ တရားခံကို လိုက်ရှာရင်းသူစစ်ဆေးဆဲ အလောင်းတွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ဖုန်းခေါ်ဆိုမှုတွေအရ သဲလွန်စတွေပေးရာမှာတော့…. ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေ ပေါ်ထွင်လာပါတော့တယ် ။အဲ့ဒီအဖြစ်အပျက်၊လှည့်ကွက်တွေကတော့……. ။အလောင်းတွေ ဘယ်ရောက်သွားတာလဲ?အေစီပီရဲ့ ဇနီး ဘယ်ရောက်သွားလဲ?အေစီပီရဲ့ ဇနီးနဲ့ ဓာတ်ပုံအတူရိုက်ထားတဲ့ ရီရှီဂူတမ်ဟာ ဘယ်သူလဲ?လူသတ်သမားရဲ့ တာဝန် ‘ ဆိုတဲ့ စာအုပ်နဲ့ လူသတ်မှုတွေ ဘယ်လို ပတ်သက်နေမလဲ?လူသတ်မှုတွေကို ကြိုးကိုင်ထားတာ ဘယ်သူလဲ?ဘာဖြစ်လို့ အလောင်းပြိုင် သတ်တာလဲ?စသဖြင့်.. စိတ်ဝင်စားစရာတွေနဲ့ ပရိသတ်ကိုဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားနိုင်တယ်လို့ ထင်မြင်မိပါတယ်။ဇာတ်လမ်းအဆုံးထိ ကြည့်ပါ။နောက်တစ်ကြိမ် ထပ်ကြည့်ရင်တော့ ဇာတ်လမ်းအတွင်းမှာပါတဲ့တချို့ဇာတ်ဝင်ခန်းတွေကို အပိုလို့ ထင်ခဲ့သမျှ နားလည်လာမှာပါ။အားလုံးကို ကြိုးကိုင်ထားသူရဲ့အစီအစဉ်ကျနမှုကို တွေ့မြင်လာမှာပါ။စကားမစပ်…. ဟာကွက်မရှိ သရုပ်ဆောင်နိုင်တဲ့ မင်းသားကြီးကိုလည်း အံ့ဩသင့်မိပါတယ်။ဇာတ်လမ်းနဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်မှုပါပဲ။မိန်းမချောလေးတွေ ဝေဝေဆာဆာနဲ့ မင်းသားတချို့ကိုလည်း တွေ့မြင်ရမှာပါ။

0 comments:

Post a Comment