The Bang Bang Club တဲ့ မသိရင်တော့ သီချင်းဆိုတဲ့အဖွဲ့နဲ့ ရောသွားနိုင်တယ် ဒီဇာတ်ကားလေးဟာ တစ်ချိန်က ရှိခဲ့ဖူးတဲ့ The Bang Bang ဆိုတဲ့အဖွဲ့အကြောင်းကိုပြန်ရိုက်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ ဓာတ်ပုံသမားတွေ သတင်းထောက်သမားတွေ အတွက် ကြည့်ရှုဖို့သင့်တော်ပြီး လူတစ်ယောက် အဖွဲ့တစ်ဖွဲ့ရဲ့ Biography ကိုကြည့်ှရှုချင်တဲ့သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် Rating ပိုင်းကလည်း မြင့်သလို တစ်နာရီကျော် ဇာတ်ကားတစ်ကားဟာ သင့်ကို အဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်BS ပရိတ်သတ်တွေအထဲမှာ ဓာတ်ပုံသမားတွေရှိလား သတင်းထောက်သမားတွေရှိကြလား ဒါဆိုရင်တော့ သင်ဟာ ဒီကားကိုမဖြစ်မနေကြည့်ှရှုသင့်ပါတယ် ” ဓာတ်ပုံသမားတစ်ယောက်ရဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုကြည့်လိုက်တာနဲ့ အဲ့လူရဲ့ ရည်မှန်းချက်ကို ခန့်မှန်းနိုင်တယ်တဲ့ ” ဓာတ်ပုံရိုက်တဲ့သူတွေအများကြီးရှိကြတယ်
ရိုးရိုးအပျော်ရိုက်တဲ့သူ အခကြေးငွေနဲ့ ရိုက်တဲ့သူ သတင်းထောက် ဓာတ်ပုံသမား အစရှိသဖြင့်ပေါ့ဒီဇာတ်ကားဟာ သတင်းထောက် ဓာတ်ပုံသမားတွေရဲ့ ဘဝအကြောင်းကိုရိုက်ကူးထားပြီး အပြင်ပန်းမှာတော့ နာမည်ကြီးပေမယ့် တကယ့်လက်တွေ့မှာ လုပ်ကိုင်ရတာမလွယ်ကူဘူးဆိုတာ ဒီကားကြည့်တာနဲ့သိနိုင်ပါတယ်… အရေးအခင်းဖြစ်ရင်လည်း ဓာတ်ပုံသွားရိုက်ရသလို အသက်လုပြီး ၀ါသနာကိုရှေ့တန်းတင်ကာ လုပ်ကိုင်နေကြတဲ့သူတွေဖြစ်ကြတယ်….ကယ်ဗင်ကာတာဟာ မထင်မှတ်ဘဲ တစ်နေ့မှာသူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတစ်ပုံဟာ ကမ္ဘာကျော်သွားခဲ့ပြီး နယူးယောက်တိုင်းမ် မဂ္ဂဇင်းကပါ ရှေ့စာမျက်နှာမှာ ယူသုံးခဲ့ရတဲ့ဓာတ်ပုံတစ်ပုံခဲ့တယ် ကယ်ဗင်က နာမည်ကြီးပြီး သတင်းသမားတွေနဲ့ တွေ့ဆုံစကားပြောတဲ့အချိန်မှာ သတင်းသမားတွေကမေးကြတယ် ဓာတ်ပုံထဲက ကလေးမလေးရော် ဘာဆက်ဖြစ်သွားလဲလို့ အဲ့အချိန်မှာ ကယ်ဗင်က ဘာဖြေရမှန်းမသိဖြစ်ခဲ့တယ် ဘာဓာတ်ပုံလဲဆိုတာကိုတော့ ကြည့်ရှုလိုက်ပါဦးခင်ဗျာ
0 comments:
Post a Comment