Talvar (2015)


Rating : 8.2/10
Country : India 
Genre :  Crime, Drama, Mystery 
Cast :   Irrfan Khan, Konkona Sen Sharma, Neeraj Kabi
Released Date : 2015
Duration : 2h 12min


အညွှန်း

မိဘနှစ်ပါးရဲ့ တစ်ဦးတည်းသောသမီးလေး နှင့် အစေခံအလုပ်သမား စုစုပေါင်း မိသားစုလေးဦး သာယာချမ်းမြေ့သောမိသားစုရိပ်မြုံလေး တစ်ခုသောမနက်ခင်းလေးနိုးထချိန်မှာတော့ အရာအားလုံးဟာကမ္ဘာပျက်သလိုဖြစ်ခဲ့သည် တစ်ဦးတည်းသောသမီးလေးဟာ ရက်ရက်စက်စက်လည်ပင်းလှီးကာ အသတ်ခံခဲ့ရခြင်းဖြစ်သည် တဆက်ထဲမှာပင် အစေခံအလုပ်သမားပျောက်နေသောကြောင့်လူသတ်သမားဟုယူဆကာလိုက်လံရှာဖွေရသဖြင့်အိန္ဒိယရဲတွေအလုပ်ရှုတ်ကုန်သည် သို့သော် လူသတ်သမားဟုယူဆထားသူအစေခံအလုပ်သမားမှာ အပေါ်ထပ်အခန်းထဲတွင်လည်လှီးခံရပြီးသေနေသည်ကိုထပ်မံတွေ့ရသဖြင့်

ရဲတွေ ဦးဏှောက်ခြောက်ကုန်သည် ရဲတွေ၏စစ်ဆေးချက် တရားခံပေါ်ထွက်လာရာ ဝန်ကြီးဌာနမှ ကျေနပ်မှုမရှိသဖြင့် စီဒီအိုင်ဌာနရော အမှုအတွက်ပါဝင်လာရသည် စီဒီအိုင်ပထမလွှတ်သောအဖွဲ့၏ရလဒ်မှာလည်း သက်သေမလုံလောက်ဟုဆိုက ဒုတိယအဖွဲ့ထပ်မံလွှတ်ပြန်သည်လူသတ်မှုတစ်ခုကိုအဖွဲ့၃ဖွဲ့တောင်စုံစမ်းခဲ့ရပြီဆိုကထဲကသို့လော သို့လော ဒွိဟပွားစရာတွေနဲ့ ခက်ခဲနက်နဲသိမ်မွေ့တယ်ဆိုတာ မှန်းလို့ရလောက်ပါပြီ ဒီကားထဲကမင်းသားကြီးကိုတော့ ပရိတ်သတ်ကြီးရင်းနှီးပြီးသားဖြစ်မှာပါ ဒီဇာတ်ကားကိုကြည့်ခြင်းဖြင့်ကိုယ်တိုင်စုံထောက်တစ်ယောက်လိုခံစားရမှာဖြစ်ပါတယ် အသေးအဖွဲလေးဟုသဘောထားသည့် ကိစ္စများကပင် အပြစ်မဲ့လူတစ်ချို့ကိုဒုက္ခရောက်သွားစေနိုင်ကြောင်းလည်းတွေ့မြင်ရမှာဖြစ်ပါတယ် ယခုဇတ်ကားသည် ၂၀၀၈ခုနှစ်တွင် ဖြစ်ပျက်ခဲ့သောလူသတ်မှုအားအခြေခံကာ ရိုက်ကူးထားသောဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါသည်


 

0 comments:

Post a Comment