Super 30 2019


Rating : 8.0/10
Country : India 
Genre :  Biography, Drama
Cast :  Hrithik Roshan, Mrunal Thakur, Nandish Singh |
Released Date : 2019
Duration :  2h 34min 

အညွှန်း

အညွှန်းမရေးခင် ကြိုပြောချင်ပါတယ်။ ‌အညွှန်းမဖတ်ဘဲ ကြည့်တာက ပိုပြီး သင့်တော်မယ်လို့ ထင်မိပါတယ်။‌တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ ရှောင်နိုင်တာ အကောင်းဆုံးပါ။Spoiler တော့မပါပါဘူးခင်ဗျ။‌ ‌ ‌ကဲ့ ပထမပိုင်းအတွက် အညွန်းလေး စပြီ။‌

 ‌နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သချင်္ာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ ‌သူကိုယ်တိုင် သချင်္ာကို ဝါသနာပါတာမို့ ‌နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ‌ ‌ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် ‌သူ မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ‌ကမ့်ဘရစ်ချ် (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက ‌သချင်္ာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ‌ ‌လူဆင်းရဲတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပါတယ်။ ‌ ‌ဒီလိုနဲ့ မမျှော်လင့်ဘဲ ဒုက္ခမိုးတွေ သူ့ဆီရွာသွန်းခဲ့ရာမှာတော့….

ဒုတိယပိုင်း(နောက်ပိုင်း)အတွက် ထပ်ညွှန်းရရင်တော့… ကိုယ်ပိုင်ခံစားမှုလေး ထည့်ပါရစေ။ပညာရေးကို စီးပွားရေးအဖြစ် အသုံးချလာကြတဲ့ လူအသိုင်းအဝိုင်း၊ ပညာရွှေအိုး လူမခိုး လို့ပဲ ဆိုရိုးရှိခဲ့တာပါ။ရွှေအိုးရှိမှ ပညာရ ဆိုတဲ့ စကားပုံတော့ မတွင်ကျယ်ခဲ့ဘူး။ပတ်ဝန်းကျင်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ မျးလာတယ်။ကျောင်းနေရင် ကျူရှင်မယူရတဲ့ ကလေးတွေမှာ လကုန်တိုင်း ကျူရှင် ဆရာ မျက်နှာမဲ့မှာကို ကြောက်လာကြရတယ်။ကျူရှင်စရိတ်(လခ)ပေးနိုင်ဖို့ အိမ်ကနေ အတင်းတောင်းရင်း ကျူရှင်ပျက်ရာက ကျောင်းထွက်သွားရတဲ့အထိ မြင်ဖူးခဲ့တယ်။အဲ့ဒီလို ကလေးတွေ ရှိကြတယ်။ ဒါတွေကို မြို့နယ်မှာ အတော်ဆုံး လူဆင်းရဲဘဝက ရုန်းကန်ခဲ့ရတဲ့ ဆရာအာနန်းကူးမား နားလည်ခဲ့ရာမှာတော့…..

Super 30 အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။

စာသင်ပြပုံတွေကို ရောထွေးပြီး ရိုးအီနေအောင်မထည့်ထားဘဲ အဓိက အထွတ်အထိပ်ရောက်မှ လိုအပ်သလို ဆွဲယူပြတာတွေက တော်တော်လေး အံ့မခန်းပါ။နောက်ခံတီးလုံးတွေလည်း သစ်တယ်။မျက်ရည်ကျလောက်တဲ့ ဘဝသရုပ်ဖော်တွေကို ပရိသတ်ကို ဆွဲခေါ်သွားနိုင်တာက လေးစားဖွယ်။အခက်အခဲတွေ မျိုးစုံကို ရင်ဆိုင်နေရတဲ့ ဆရာတစ်ယောက်အတွက် တပည့်တွေက အတူဖြေရှင်းကြပုံတွေက အတုယူဖွယ်။


 

0 comments:

Post a Comment