Rasuk 2 (2020)


 

Rating : 5.0/10
Country : Indonesia
Genre : Horror
Cast : Nikita Willy, Achmad Megantara, Asri Welas 
Released Date : 2020
Duration : 1h 35min

အညွှန်း
Rasuk 1 ကို ကြည့်ပြီးတဲ့သူတွေကတော့ Rasuk 2ကို ဘယ်လိုကားဖြစ်မလဲ သိချင်မိမှာပါပဲ….ဒီကားက သရဲကားဆိုပေမယ့်…. ဒိန်းခနဲ ဝုန်းခနဲ ခြောက်နေတဲ့ကားမျိုးမဟုတ်ဘူး..Rasukကြည့်ပြီးတဲ့သူတွေကတော့ သူငယ်ချင်းလေးယောက်ထဲက အင်ဂရစ်ကို သိမှာပေါ့…. အင်ဂရစ်နဲ့ ဒီကားက ဘာဆိုင်လဲ မေးရင် ဘာမှမဆိုင်ဘူး… ဆိုင်တာက သူ့ညီမနဲ့……သူ့ညီမက အစ်ဇယ်ဘယ်လာ… နယ်နယ်ရရမဟုတ်ဘူး ဆေးရုံတစ်ခုမှာ အလုပ်သင်ဆင်းနေတဲ့ ဆရာဝန်လောင်းလေး….
သူတို့အလုပ်သင်တွေက အမြဲအလောင်းရင်ခွဲတာ ကြည့်ရတယ်…အစ်ဇယ်ဘယ်လာ… ဘယ်လာလို့လဲ ခေါ်တယ်…ဘယ်လ်လို့လဲ ခေါ်ကြတယ်သူက သာမန်လူမဟုတ်ဘူး…… ထူးခြားတယ်.. ပြောရရင် သရဲမြင်နိုင်တယ်… ဒါပေမယ့် သူက သူမြင်နေရတာတွေက တကယ်ရှိတယ်ဆိုတာ မယုံဘူးတစ်နေ့… အလောင်းတစ်လောင်းက သူ့ရှေ့မှာ အသက်ဝင်လာတယ်… သူကတော့ ထင်ယောင်ထင်မှားဖြစ်တယ်ထင်တာပေါ့နောက်တစ်နေ့ သူ့ကို ခြောက်တယ်နောက်တစ်နေ့ သူ့ကို ဝင်ပူးတယ်ဒီလို…. သရဲက သူ့နောက်အမြဲလိုက်နေတယ်ဘာကြောင့်လိုက်နေတာလဲ…… အဲ့သရဲမနောက်ကွယ်မှာ ဘာရှိနေလဲပိတ်သွားပြီဖြစ်တဲ့အမှုတစ်ခု..ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာနဲ့ အလောင်းတစ်လောင်း…သူဖော်ထုတ်နိုင်မလား….အဲ့အလောင်းရဲ့ တရားခံကဘယ်သူလဲ….ဘာကြောင့်လဲ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့ ရင်ခုန်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်….ဒီကားရဲ့ ထူးခြားချက်က ကြောက်စရာကောင်းတာမဟုတ်ဘူး။ စိတ်ဝင်စားစရာကောင်းတာ……IMDb 5.1/10 ဆိုပေမယ့် စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ နောက်ဆုံး တရားခံဘယ်သူလဲဆိုတာ သိရတဲ့အထိ ရင်ခုန်စရာကောင်းပါတယ်…..

0 comments:

Post a Comment