Race 3 (2018)



Rating : 1.9/10
Country : India 
Genre :  Action, Crime, Thriller
Cast :  Anil Kapoor, Salman Khan, Bobby Deol 
Released Date : 2018
Duration :  2h 40min


အညွှန်း

ဝင်ငွေ US $ 44မီလီယံအထိ ရရှိထားပြီး ကမ႓ာ့နိုင်ငံအရပ်ရပ်မှာ အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ။

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ တော့ အိန္ဒိယသည်းထိတ်ရင်ဖို အက်ရှင်ရုပ်ရှင်ဇာတ်ကားလေး ဖော်ပြလိုက်ပါတယ်။ Race ရုပ်ရှင်စီးရီးတွေရဲ့ တတိယမြောက် အဖြစ် ထွက်ရှိလာပေမယ့်အရင် ဇာတ်လမ်းနဲ့ ချိတ်ဆက်ထားတာ မရှိဘဲ ဇာတ်လမ်း၊ ဇာတ်အိမ်အ သစ်ရှုစားရမှာ ဖြစ်ပါတယ်။

ရှမ်ရှာဆင်းန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အင်ပါယာ ကြီးတစ်ခုတည်ထောင်ပြီး လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ အ ရောင်းအဝယ်ပြုလုပ်နေတာပါ။ ရှမ်ရှာမှာ ဆန်ဂျာနာနဲ့ ဆူရက်ဂျ် ဆိုတဲ့ အမြွှာသားနှစ်ယောက်ရှိပြီး ဆီကန်ဒါဆင်းန်ကတော့ မွေးစား သားပါ။

ရက်ရှ်က ဆီကန်ဒါရဲ့ လူယုံတစ်ယောက်ဖြစ်ပြီး ရှမ်ရှာအင်ပါ ယာနဲ့ နီးစပ်သူလည်းဖြစ်ပါတယ်။ ရာနာဗီဂျေးဟာ ရှမ်ရှာရဲ့ စီးပွားပြိုင်ဘက်ဖြစ်ပြီး ရှမ်ရှာမိသားစု ရဲ့ စီးပွားရေးကို တစ်ချိန်လုံး ဒုက္ခ ပေးနေသူလည်းဖြစ်ပါတယ်။

တစ်ရက်မှာတော့ မိသားစု ရှေ့နေဟာ အိမ်ကိုရောက်လာပြီး ဆန်ဂျာနာနဲ့ ဆူရက်ဂျ်တို့လည်း အသက် (၂၅)နှစ်ပြည့်ပြီမို့ ရှမ်ရှာက ဆီကန်ဒါကို သူပိုင်ဆိုင်သမျှ ၅၀ ရာခိုင်နှုန်း၊ ဆန်ဂျာနာနဲ့ ဆူ ရက်ဂျ်တို့ကို တစ်ယောက် ၂၅ ရာခိုင်နှုန်းစီ ခွဲဝေပေးခဲ့ပါတယ်။ အဲဒီအခါမှာ မိသားစုထဲမှာ ပြဿနာလေးတွေရှိလာပြီး အမြွှာညီ အစ်ကိုနှစ်ယောက်က ဆီကန်ဒါ ကို မကျေနပ်လို့ တိုက်ခိုက်လာ တဲ့အတွက် ဆီကန်ဒါနဲ့ ပြဿနာ စပါတော့တယ်။

တကယ်တော့ ရက်ရှ်ဟာ ရှမ်ရှာရဲ့သားအရင်းဖြစ်ပြီး အကျင့်ပျက်နိုင်ငံရေးသမားတွေနဲ့ ပေါင်းနေကာ တစ်ရက်မှာတော့ ဆီကန်ဒါကို ရှင်းပစ်ခဲ့ပါတယ်။ ရှမ်ရှာဟာလည်း ဆီကန်ဒါရဲ့ မိဘတွေကို သတ်ပစ်ခဲ့သူဖြစ်ပြီး အမြွှာညီအစ်ကိုက ဆီကန်ဒါရဲ့ ညီအ ရင်းတွေလည်း ဖြစ်ပါတယ်။

ရှမ်ရှာနဲ့ရက်ရှ်ရဲ့ အကြံအ စည်က ညီအစ်ကိုအရင်းတွေ ကတောက်ကဆဖြစ်ပြီး အချင်းချင်းသတ်မိအောင် လုပ်တာဖြစ်ပါတယ်။ သေပြီထင်ထားတဲ့ ဆီကန်ဒါက တစ်ရက်မှာတော့ ဗြုန်းဆို ပြန်ပေါ်လာပြီး ရက်ရှ်၊ ရှမ်ရှာတို့ သားအဖနဲ့ ထိပ်တိုက်တွေ့ခဲ့ပါ တော့တယ်။

ဆီကန်ဒါတို့ ညီအစ်ကိုတွေ နဲ့ ရှမ်ရှာတို့ရဲ့ ပြိုင်ပွဲက ဘယ်လိုရလဒ်ထွက်မလဲ။ ဒုစရိုက်လောက ထဲက ရှမ်ရှာတို့တစ်တွေ ဘယ်လို ဇာတ်သိမ်းရမလဲဆိုတာ အမိုက် စားအက်ရှင်ဇာတ်ကွက်တွေနဲ့ ဆက်ကြည့်လိုက်ဦးနော်။

ပါဝင်ထားသူတွေက Salman Khan၊ Anil Kapoor၊Bobby Deol၊ Daisy Shah၊Saqib Saleem၊ JacquelineFernandez စသူတွေပဲဖြစ်ပါ တယ်

 

0 comments:

Post a Comment