ဒီတစ်ခါတော့ ခရစ်စမတ်စ်လဲ နီးနေပြီမို့ 2019ထွက် ခရစ်စမတ်စ် ကားသစ်လေးတင်ဆက်ပေးလိုက်ပါတယ်။ rating ကလည်း 6.3 ဆိုတော့ မဆိုးဘူးဆိုရမှာပေါ့။ အဓိကဇာတ်ဆောင်ကလည်း မင်းသမီး အန်နာကန်ဒရစ်ဆိုတော့ သူ့ရဲ့ပေါ့ပေါ့ပါးပါးသရုပ်ဆောင်လေးတွေရဲ့ ရယ်စရာပျော်စရာ ခရစ်စမတ်စ်ကားလေးပါ။
ဒီကားထဲက ဆန်တာကလော့စ်မှာ နစ်ခ်ဆိုတဲ့ သားလေးနဲ့ နိုအယ်လ်ဆိုတဲ့ သမီးလေးရှိပါတယ်။ အဲ့တော့ ဆန်တာက သူ့သားလေးကို သူ့ဆန်တာအမွေဆက်ခံဖို့ သင်ကြားပေးတါပေါ့။ သမီးလေးက သူရောဘာလုပ်ရမလဲမေးတော့ ဆန်တာက သမီးအစ်ကိုကို ကူညီပေါ့တဲ့။
ဒီလိုနဲ့ ဆန်တာဆုံးပါးသွားတော့ နစ်ခ်က ဆန်တာဖြစ်လာပါတယ်။ သူကဆန်တာဖြစ်ရတာ စိတ်ပင်ပန်းတယ်ပြောတော့ သူ့ညီမက အနားသွားယူဖို့ပြောလိုက်မိရာမှာ ငါးပါးမှောက်တာပဲ။ နစ်ခ်က အနားယူဖို့ပျောက်သွားတာ ခရစ်စမတ်စ်ကလည်းနီးနေပြီ၊ ဆန်တာကလည်း ဘယ်ရောက်မှန်းမသိ။ အဲ့တော့ အကြံပေးမိတဲ့ ညီမနိုအယ်လ်က ဆန်တာ့ကိုရှာဖို့ ရှာပုံတော်ထွက်လာတာကို အလွဲလွဲအချော်ချော် ဟာသလေးတွေနဲ့ ကြည့်ရမှာပါ။
ဒီကားလေးက ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ခရစ်စမတ်စ်ကားလေးအပြင် မိသားစုအမွေကို ယောကျ်ားလေးမို့ဆိုပြီး စိတ်မပါလဲ ထမ်းရတဲ့သား ၊ အရည်အချင်းရှိပေမဲ့ မိန်းကလေးမို့ဆိုပြီး အတားအဆီးတွေနဲ့ တွေ့ရတဲ့သမီးမိန်းကလေးအကြောင်းလေးတွေကိုပါ ပါးပါးလေးထည့်ပြီး ဟာသနှောပြီး ရိုက်ပြထားတာမို့ တကယ်ကို ကြည့်ရှုသင့်တဲ့ ကားလေးပါပဲ။
0 comments:
Post a Comment